UWSA အဖွဲ့ လူငယ်အထူးလေ့ကျင့်သင်ကြားရေး သင်တန်းဖွင့်

175

စက်တင်ဘာ ၁၆၊ ၂၀၂၁ မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ နိုင်ငံရေးကေဒါကျောင်း က လူငယ်ကေဒါများအတွက် ပထမဆုံး လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းဖွင့်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲကို “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီ (UWSP) အထွေထွေအတွင်းရေးမှူးချုပ်၊ UWSA စစ်သေနာပတိချုပ်၊ ပြည်သူ့အစိုးရ။

ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ စစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်းတို့ တက်ရောက်ခဲ့ကြောင်း UWSP အာဘော် WSTV စာမျက်နှာတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here