UN Meeting မှာ မြန်မာကိုယ်စားလှယ်ကတော့ စစ်အစိုးရအတွက် အတင်းကာကွယ် ခုခံ ပြောဆိုနေပါတယ်

209

UN Meeting အတိုချုပ်

ကုလ အထူး သတင်းထောက်ကတော့ ဒီနေ့အထိ မအလ နှိပ်ကွပ်သမျှအားလုံးကို အတိအကျပြောသွားပါတယ်။ ကောင်မလေးကို ပစ်တာ Live ammunition ဖြစ်တဲ့ ဟာက နိုင်ငံတကာစည်းမျဉ်းကို ချိုးဖောက်တယ်ဆိုတာကို အသေအချာ ပြောသွားပါတယ်။ အခု မြန်မာကိုယ်စားလှယ်ကတော့ မအလအတွက် ခုခံ ပြောဆိုနေပါတယ်။

အီးယူ ဥက္ကဌ ဖြစ်တဲ့ ပေါ်တူဂီက ပြောသွားပါပြီ။ သမတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံ အမေစုကို အမြန်လွှတ်ဖို့ ပြောတဲ့အပြင် ICJ အကြောင်းကိုလည်း ဖိအားပေးပြောသွားပါတယ်။

ဒိန်းမတ် နဲ့ အခု ယူကေကိုယ်စားလှယ်တို့ ပြောနေပါပြီ။ မအလကို ရှုံ့ချတယ်။ ချက်ချင်းပြန်လွှဝ်ပေးဖို့ ပြောပါတယ်။ ယူကေက ပြောတာက လုပ်ကိုလုပ်ရမယ် “Must” ဆိုပြီး ပြောသွားပါတယ်။ နှစ်ယောက်လုံးက မြန်မာပြည်သူတွေနဲ့ အတူရှိပါတယ်တဲ့။

အခု ဂျာမနီ က ပြောနေပါပြီ။ စတာနဲ့ကို အပြင်းထန်ဆုံး တောင်းဆိုမှုဆိုတာနဲ့ စပါတယ်။ အထက်က အတိုင်းပဲ ပြင်းပြင်းထန်ထန်ပြောတဲ့ အပြင် “Must” ဆိုတဲ့ စကားလုံးတွေကို အထပ်ထပ်ပြောနေပါတယ်။ ဆက်ပြောနေတုန်းပါ။

အခု အထိ ပြောတာအားလုံးက အမေစုတို့ကို တရားဝင်အစိုးရအနေနဲ့ ပဲ တရားဝင်သတ်မှတ်ပြီး ပြောနေပါတယ်။

အခု ပြင်သစ်က ပြောနေပါတယ်။ အထက်က အတိုင်းပြင်းထန်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ ရလဒ်ကိုပဲ လက်ခံရမယ်တဲ့။ ဆက်ပြောနေတုန်းပါ။

အခု အီတလီက ပြောနေပါပြီ။ ပြင်းပြင်းထန်ထန် မအလကို ရှုံ့ချကြောင်းနဲ့ စပြီး ချွတ်ချက်မရှီ၊ ချက်ချင်းပြန်လွှတ်ပေးရမယ်။ အပေါ်က လူတွေနဲ့ အတူတူပါပဲ.. ပြင်းပြင်းထန်းပါ။

အခု အင်ဒိနီရှားပါ။ အင်ဒိုကတော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် လူ့အခွင့်အရေးကို အဓိကထားပြောသွားပါတယ်။ နောက် ယူအန်ကို ကိုင်တွယ်ဖို့ ပြောသွားပါတယ်။

အခု တောင်ကိုရီးယားပါ။ ကကြီးကတော့ အင်ဒိုထက် ပြင်းထန်ပါတယ်။ ချက်ချင်းလွှတ်ဖို့ပါ။ အင်တာန်နက်နဲ့ ပတ်သက်ပြီးလုပ်တာတွေလည်း ပြောနေပါတယ်။ လူအခွင့်အရေးတွေကိုလည်း ဆက်ပြောနေပါတယ်။ ဆက်လက် ပြောပြပေးသွားပါ့မယ်။

အခု လစ်ဗျားက ပြောနေပါတယ်။ သူကတော့ စိတ်ပူတယ်ပဲ ပြောပါတယ်။ လူနည်းစု အခွင့်အရေးနဲ့ ရိုဟင်ဂျာအကြောင်းကို အဓိက ပြောပါတယ်။ နောက် ကိုဗစ် အကြောင်းပါ။ အခု အထိတော့ အစွယ်ရှီတဲ့ နိုင်ငံတွေက ပြင်းထန်ကြပြီး အစွယ်မရှိတဲ့ နိုင်ငံတွေက စိတ်ပူတယ်၊ လူ့အခွင့်အရေး အကြောင်းပဲ ပတ်ပြောနေတာပဲ ကြားသိရပါတယ်။

ဩစတီးယားက စတာနဲ့ ပြင်းပြင်းထန်ထန်နဲ့ စပါတယ်။ မြန်မာပြည်သူတွေဟာ သတ္တိသိပ်ရှိကြတယ်တဲ့။ လုံးဝ ရှုံ့ချတယ်တဲ့။ သမီးလေးကို ပစ်တာကိုလည်း အဓိက ထားပြောနေပါတယ်။ သတင်းအကုန်လုံးကို ကြည့်ထားတဲ့ပုံပါပဲ။ နိုင်ငံတကာကိုလည်း မြန်မာပြည်သူတွေဖက်က ရပ်တည်ဖို့ ပြောသွားပါတယ်။

အခု အင်းဒီယက ပြောနေပါတယ်။ သူကတော့ ထိန်းပြောနေပါတယ်။ ထိထိခိုက်ခိုက်မပြောပဲ ငြိမ်းချမ်းရေးကိုပဲ အဓိက ထားပြောသွားပါတယ်။

ချက်က ပြောနေပါပြီ။ စတာနဲ့ ပြင်းပြင်းထန်ထန်ဆိုတာနဲ့ စပါတယ်။ ဖမ်းထားတဲ့ လူရာကျော် အရေအတွက်က အစသိပြီး အချိုးကို ရွတ်ပြနေပါတယ်။ အပြုသဘောဆောင်နဲ့ ဆွေးနွေးကြဖို့ ပြောပါတယ်။

ဘူဂေးရီးယားက တော့ ပြင်းထန်ပါတယ်။ လုံးဝ လက်ခံစရာ မရှိပါတဲ့။ မြန်မာပြည်မှာ ဘယ်လို ဆန္ဒပြနေသူတွေကို နှိပ်ကွပ်တာတွေကို ရွတ်ပြနေပါတယ်။ ကာဖျူးကို သိမ်းပေးပါတဲ့။ ယူအန်အဖွဲ့နဲ့ အတူတူရှိတယ်တဲ့။ အစွယ်မရှိပေမယ့် ပြင်းထန်ပါတယ်။

ရုရှားကတော့ မအလကိုကာကွယ်ပြောသွားပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတာနဲ့ အဆုံးသတ်သွားပါတယ်။

ပိုလန်ကတော့ စတာနဲ့ ပြင်းထန်ပါတယ်။ ရှုံ့ချတယ့် အမေစုနဲ့ ပြည်သူတွေကို ထောက်ခံတယ်တဲ့။

ဘရားဇီးက ပြောနေပါတယ်။ မြန်မာပြည်သူတွေကို ချီးကူးသွားပါတယ်။ အကြမ်းဖက်တာတွေအစား ငြိမ်းချမ်းစွာဆန္ဒပြပါတယ်တဲ့။ ဒါဟာ ဘာကို ပြလဲ ဆိုတော့ မြန်မာပြည်သူတွေက ဘယ်လောက် ဒီမိုကရေစီကို မြတ်နိုးတယ်ဆိုတာပါပဲတဲ့။ ရှုံးချတာထက် စိတ်ပူတယ်ဆိုတာကို ပြောသွားပါတယ်။ ရိုဟင်ဂျာအရေးလည်း ပြောသွားပါတယ်။

ဘကုန်းက ရိုဟင်ဂျာအကြောင်းကို အဓိကထားပြောသွားပါတယ်။

မက္ကဆီကို ကတော့ စကားပြောဖို့ပဲ ပြောပါတယ်။ မအလကို လူတွေကို အကြမ်းမဖက်ပါနဲ့..တဲ့။ ယူအန် အထူးသတင်းထောက်ကို ပုံမှန်တင်ပြဖို့ပြောပါတယ်။

အာဂျင်တီးနားကတော့ စိတ်ပူတယ်နဲ့ပဲ စပါတယ်။ လွတ်လပ်စွာပြောဆိုခြင်းနဲ့ လူ့အခွင့်အရေးကိုပဲ အထက်က လူတွေအတိုင်းပြောပါတယ်။ ခြေဥကို လေးစားဖို့နဲ့ မဲရလဒ်ကို လေးစားဖို့၊ မလိုအပ်တဲ့ အကြမ်းဖက်မှုတွေကို လျှော့ချဖို့ နိုင်ငံတကာကို စောင့်ကြည့်ဖို့ တောင်းဆိုပါတယ်တဲ့။

ဗင်နီဇွဲလားက စိတ်ပူတယ်နဲ့ စပါတယ်။ စကားပြောဖို့ပဲ ပြောပါတယ်။ လူလည်စကားနဲ့ပဲ အဆုံးသတ်သွားပါတယ်။

တရုတ်က လူ့အခွင့်အရေးအစည်းအဝေး ကို ကျင်းပတာကို favour မရှိဘူးတဲ့။ မြန်မာရဲ့ ပြည်တွင်းရေးပါတဲ့။ မအလအနေနဲ့ ငြိမ်းချမ်းရေးဖြစ်အေင်လုပ်သင့်တယ်တဲ့။ ခြေဥကို လေးစားပါတဲ့။ စကားပြောပါတယ်တဲ့။ နဂိုအခြေအနေကို ပြန်သွားပါတဲ့။

ဂျပန်က အလေးအနက် စိတ်ပူတယ်တဲ့။ မအလ အကြမ်းဖက်တာကို စိတ်ပူတယ်တဲ့။ အမေစုတို့ကို အမြန်ပြန်လွှတ်ပြီး အရင်အတိုင်း ပြန်လုပ်ပါတဲ့။ နိုင်ငံတကာနဲ့ ပူးပေါင်းပါမယ်တဲ့။

နီပေါက အမေစုနဲ့ ဦးဝင်မြင့်တို့ အစိုးရအတွက် စိတ်ပူတယ်တဲ့။ စကားပြောကြဖို့ ပြင်းပြင်းထန်ထန် အားပေးပါတယ်တဲ့။

နယ်သာလန်က မအလကို ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ လူ ၁၇၀ ကျော် ဖမ်းတာကို လုံးဝ ရှုံးချတယ်တဲ့။ ချွင်းချက်မရှိ၊ ချက်ချင်း ပြန်လွှတ်ပါတဲ့။ ဆိုင်ဘာဥပဒေကိုလည်း ဆန့်ကျင်တယ်တဲ့။ ICJ ကို လည်း ဆက်အားပေးတယ်တဲ့။

ဆူဒန်က ပြောတာက ဆိုင်ဘာဥပဒေကို စိတ်ပူတယ်တဲ့။ သူတို့ နိုင်ငံပြဿနာနဲ့ နှိုင်းယှဉ်ပြီး စိတ်ပူတာတွေကို ပြောသွားပါတယ်။ ရိုဟင်ဂျာအကြောင်းကိုလည်း ပြောနေပါတယ်။

မာရှယ် ကျွန်းက နိုင်ငံတကာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး မအလ လုပ်ဆောင်နေတာကို ဆန့်ကျင့်တယ်တဲ့။ ရိုဟင်ဂျာ်အကြော်ငးလည်း ပြောတယ်။ ယူအန်ပြောတကို ထောက်ခံတယ်တဲ့။

ယူကရိန်းက အလေးအနက် စိတ်ပူတယ်။ ရှုံ့ချတယ်တဲ့။ အကြမ်းဖက်တာ၊ အင်တာနက်ပိတ်တာတွေ၊ကို ဆန့်ကျင်တယ်တဲ့။ အမေစုတို့ကို ချက်ချင်းလွှတ်ဖို့ပါတဲ့။ အကြမ်းဖက် နှိမ်နင်းတာတွေ ရပ်ပြီး စကားပြောကြပါတယ်တဲ့။

ဖိလစ်ပိုင်က အမေစုကို ဖိလစ်ပိုင်ပြည်သူက အားကျရတာနဲ့ စပါတယ်။ သူ့အဖေအကြောင်းပါတဲ့။ စကားပြောကြဖို့ပဲ ပြောပါတယ်။

အီထရီးယားက စကားပြောကြဖို့ပဲ ပြောသွားပါတယ်။

ပါကစ်စတန်က ရိုဟင်ဂျာနဲ့ စတယ်။ စကားပြောကြပါတဲ့။ ရိုဟင်ဂျာတွေကို အကြမ်းဖက်သလိုမျိုးတွေ့ရတဲ့ အတွက် စိတ်ပူတယ်တဲ့။ ရိုဟင်ဂျာချည်းပဲ ဆက်ပြောနေပါတယ်။

ကနေဒါက ပြင်းပြင်းထန်ထန် ရှုံချတယ်နဲ့ စပါတယ်။ မအလ အာဏာသိမ်းတာကို ပယ်ချပါတယ်တဲ့။ အင်တာနက်နဲ့ ဆိုရှယ် မီဒီယာ ပိတ်တာဆို့တာကို ရှုံးချပါတယ်တဲ့။ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပါတယ်တဲ့။

ဆီလီယာဒီယွန်က အပြင်းထန်ဆုံးစကားနဲ့ မအလကို ရှုံချပါတယ်တဲ့။ အမေစုတို့ကို ဖမ်းတာလည်း အပြင်းထန်ဆုံးကားနဲ့ ရှုံ့ချပါတယ်တဲ့။ စကားပြောဖို့ ပြင်းထန်စွာ တိုက်တွန်းပါတယ်တဲ့။

အိုင်ယာလန်က အီးယူနဲ့ အတူတူပါပဲတဲ့။ ပြင်းထန်စွာ ရှုံ့ချပါတယ်တဲ့။ ချက်ချင်လွှတ်ဖို့ တောင်းဆိုပါတယ်တဲ့။ အပစ်အခတ်ရပ်တာကို ဆက်လုပ်ဖို့ ပြောပါတယ်။ ရိုဟင်ဂျာနဲ့ တခြား လူနည်းစုအရေးကိုလည်း စိတ်ပူတဲ့ အကြောင်းပြောပါတယ်။

နော်ဝေးက ပြင်းထန်စွာ ရှုံချပါတယ်နဲ့ စပါတယ်။ အမေစုတို့ အစိုးရက တရားဝင် ရွေးကောက်ထားတဲ့ အစိုးရမို့ မအလကို ရှုံ့ချရတာပါတဲ့။ ရိုဟင်ဂျာနဲ့ လူနည်းစုတွေကိုလည်း ကာကွယ်ဖို့ ပြောပါတယ်။

မော်စွာနာက စနစ်တကျ အကြမ်းဖက်တာကို လျှော့ချပါတယ်တဲ့။ အမေစိုတို့ကို ဖမ်းတာကော၊ ဆိုရှယ်မီဒီယာကို ပိတ်တာတွေကိုကော ဆန့်ကျင်ပါတယ်တဲ့။

မလေးရှားက အားလုံးကို စကားပြောဖို့ နဲ့ လူအခွင့်အရေးကို လေးစားလိုက်နာဖို့ ပြောပါတယ်။ စကားလုံးလှလှတွေနဲ့ပဲ စကားပြောဖို့ပဲ ပြောပါတယ်။ ရိုဟင်ဂျာကို ကာကွယ်ပေးဖို့ကိုလည်း အသေအချာ ပြောပါတယ်။

လစ်သူရီးယားက ပြင်းထန်စွာ ရှုံ့ချတာနဲ့‌‌ စပါတယ်။ ဖမ်းထားတာ အကုန်လွှတ်ဖို့ ပြောပါတယ်။ မြန်မာပြည်သူတွေကို မနှိပ်စက်ပါနဲ့တဲ့။ ဆိုရှယ်မီဒီယာနဲ့ ဂျာနယ်လစ်တွေ ဖမ်းတာကို စိတ်ပူပါတယ်တဲ့။

အီကွေဒိုက မအလကို ရှုံချပြီး မြန်မာပြည်သူနဲ့ အတူရှီပါတယ်နဲ့ စပါတယ်။ မအလ ဥပဒေတွေကို စိတ်ပူပါတယ်တဲ့။ စကားပြောကြဖို့ ပြောပါတယ်။ လူအခွင့်အရေးကို အဓိုက ထားပြောပါတယ်။

အက်စတို့နီးယားက အပြင်းအထန်ရှုံ့ချပါတယ်တဲ့။ ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးပါတဲ့။ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ပိတ်တာတွေကို ဆန့်ကျင်ပါတယ်တဲ့။ လူနည်းစုတွေကို ကာကွယ်ဖို့နဲ့ ရိုဟင်ဂျာ အကြေင်းပြောပါတယ်။

စလိုဗေးနီးယား က ပြင်းထန်စွာ ရှုံ့ချပါတယ်တဲ့။ အမေစုတို့ အစိုးရလူကြီးတွေ ဖမ်းတာကို စိတ်ပူပါတယ်တဲ့။ ဆိုရှယ်မီဒီယာနဲ့ ဂျာနယ်လစ်ဖမ်းတာတွေကို စိတ်ပူတယ်တဲ့။ အားလုံးကို ချွင်းချက်မရှီ၊ ချက်ချင်ပြန်လွှတ်ပါတဲ့။

ရိုမေးနီးယားက ချက်ချင်းကိုင်တွယ်ပေးဖို့ တောင်းဆိုတာနဲ့ စပါတယ်။ မအလ က အကြမ်းဖက်တာအားလုံး ပြန်ရုပ်သိမ်းဖို့ တောင်းဆိုတယ်။ ဖမ်းထားသူအားလုံးကို ချွင်းချက်မရှီ၊ ချက်ချင်း ပြန်လွှတ်ရမယ်တဲ့။ စကားတွေ ပြင်းထန်တယ်။ ကျေးဇူးပါ။

ဆွီဒင်က မအလကို မဲရလဒ်ကို လေးစားပါတဲ့။ ဖမ်းထားသူအားလုံးကို ချက်ချင်း ခွှင်းချက်မရှိ ပြန်လွှတ်ပါတဲ့။ လူအခွင့်အရေး ဖောက်တာတွေ ရပ်ပါတဲ့။ နိုင်ငံတကာ မအလလုပ်နေတာတွေကို ခွင့်မပြုပါနဲ့တဲ့။

ဂရိက မဲရလဒ်ကို လေးစားပါ။ ဖမ်းထားသူအားလုံးကို ချက်ချင်းလွှတ်ပေးပါတဲ့။ အရေးပေါ်ဥပဒေကို ချက်ချင်း ရုပ်သိမ်းရမယ်တဲ့။ ဆိုရှယ်မီဒီယာကို နောင့်ယှက်တာကိုလည်း ချက်ချင်း ရုပ်သိမ်းရမယ်တဲ့။

အစ္စရေးက တရားတင်ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖမ်းတာကို စိတ်ပူပြီး ချက်ချင်းလွှတ်ပေးပါတဲ့။ မြန်မာပြည်သူတွေကို ထောက်ခံပါတယ်တဲ့။

ဘီလာရုက သံတမန်နည်းနဲ့ ရှင်းပါတဲ့။

ဗာတီကန်က မြန်မာပြည်သူတွေနဲ့ အတူရှိတယ်တဲ့။ လူအခွင့်အရေးနဲ့ တရားဥပဒေကို လေးစားပါတဲ့။ စကားပြောကြပါတဲ့။

နယူးဇီလန်က မအလကို ရှုံ့ချတာနဲ့ စတယ်။ မအလ လုပ်တာကို လုံးဝပယ်ချပါတယ်တဲ့။ ဒီမိုကရေစီကို အပြင်းအထန် ထောက်ခံလို့ပါတဲ့။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေးကို အဓိက ထားပြောပါတယ်။ ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်တဲ့။

ဘယ်လဂျီယံ ပြင်းထန်စွာ ရှုံ့ချပါတယ်တဲ့။ ဖမ်းထားသူအားလုံးကို ချွင်းချက်မရှီ ချက်ချင်းလွှတ်ပေးပါတဲ့။ နိုင်ငံတကာ က ဖိအားပေးဖို့ ပြောပါတယ်။ အင်တာနက်နဲ့ ဆိုရှယ် မီဒီယာ ပိတ်တာကို လက်မခံပါတဘူးတဲ့။

ယူအက်စ်က ရှုံ့ချတာနဲ့ စပါတယ်။ ဖမ်းထားတဲ့ သူတွေအားလုံးကို ချက်ချင်းလွှတ်ပါတဲ့။ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို အကြမ်းဖက် မနှိမနင်းပါနဲ့၊ ဆိုရှယ် မီဒီယာကို လွတ်လပ်ခွင့်ပေးပါတဲ့။

စလုံးကတော့ အရမ်းစိတ်ပူပါတယ်တဲ့။

အီးယူနိုင်ငံတစ်ခုက ဖမ်းထားသူအားလုံးကို ပြန်လွတ်ပေးပါတဲ့။ မဲရလဒ်ကို လေးစးပါတဲ့။

အီးယူနိုင်ငံတစ်ခုကပဲ ဖမ်းထားသူတွေကို ချက်ချှင်းပြန်လွှတ်ပေးပါတဲ့။ ရှုံချပါတယ်တဲ့။

လားအိုက နိုင်ငံတကာကို ကူညီဖို့ တောင်းဆိုပါတယ်တဲ့။ စကား ပြောကြပါတဲ့။

လူဇင်ဘတ်က မြန်မာပြည်သူတွေနဲ့ အတူရှိပါတယ်၊ မအလကို အပြင်းအထန်ရှုံ့ချပါတယ်တဲ့ ယူအန်ဆုံးဖြတ်ချကိ ထောက်ခံပါတယ်တဲ့။ ယူအန်ကိုယ်စားလှယ်ချက်ချင်းဝင်ဖို့ ထောက်ခံပါတယ်တဲ့။ ရိုဟင်ဂျာကိုလည်း ပြောသွားပါတယ်။

ခရိုအေရှားက ခြေဥအရမဟုတ်ပဲ အာဏာသိမ်းတာကို ပြင်းထန်စွာ ရှုံချပါတယ်တဲ့။ ချက်ချင်းပြန်လွှတ်‌ေပးပါတဲ့။ တရားဝင် ရွေးကောက်ခံတဲ့ အစိုးရကို ထောက်ခံတယ်တဲ့။ စကားလည်း ပြောကြပါတဲ့။

ဖင်လန်က အီးယူနဲ့ အတူရှိပြီး အပြင်းထန်ဆုံး စကားလုံး နဲ့ မအလကို ရှုံချပါတယ်တဲ့။ ဖမ်းထားသူတွေကို ချက်ချင်းလွှတ်ပြီး အရေးပေါ်ဥပဒေကို ချက်ချင်းရုပ်သိမ်းပါတဲ့။ အင်တာနက်နဲ့ဆိုဒီယာ တွေကို နိုင်ငံရေး လက်နက်အနေနဲ့ မသုံးသင့်ပါတဲ့။

တူရကီ စိတ်ပူတာနဲ့ ပြင်းထန်စွာ ရှုံချတာနဲ့ စပါတယ်။ ဖမ်းထားသူအားလုံးကို ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်တဲ့။ အထူးသဖြင့် အမေစုအတွက် စိတ်ပူတယ်တဲ့။ ရိုဟင်ဂျာနဲ့ ပတ်သက်တာပြောပါတယ်။ အီးယူနဲ့ အတူ မအလ အပေါ်မှာ ရပ်တည်တာ အတူတူပါပဲတဲ့။
ဆွစ်ဇာလန်က အလေးအနက်စိတ်ပူပါတယ်တဲ့။ အကြမ်းဖက် ဖိနှိပ်တာကို ရပါပတဲ့။ စကားပြောကြပါတယ်တဲ့။ ကုလကိုယ်စားလှယ်ကို လက်ခံပါတဲ့။ ရိုဟင်ဂျာအကြောင်းလည်း ပြောပါတယ်။ အကြမ်းဖက်အားလုံး ရုပ်သိမ်းပါတဲ့။

ကလေး အခွင့်အရေးအဖွဲ့က အထူးသဖြင့် ကလေးတွေအတွက်ပဲ ပြောပါတယ်။ အကြမ်းဖက်နှိမ်နင်းတာတွေကို မလုပ်ဖို့ ပြောပါတယ်။

ဩဇီက သူတို့လူမျိုး အဖမ်းခံရတာကိုလည်း ပြန်လွှတ်ဖို့ ပြောပါတယ်။ မအလကို စကားပြောဖို့ ပြောပါတယ်။ အာဆီယံထုတ်ပြန်ချက်ကို ထောက်ခံတယ်တဲ့။ အကြမ်းဖက်အားလုံး မလုပ်ဖို့ပြောတယ်။ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပါတယ်တဲ့။

ဗိယက်နမ်က ကိုဗစ်တွေကို ရခိုင်ဟာတွေကော ပြောပါတယ်။ နိုင်ငံတကာက မြန်မာမှာ စကားပြောဖို့ ကူပါတဲ့။ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေပါပဲ။

တောင်အမေရိက နိုင်ငံတစ်ခုက ငြိမ်းချမ်းရေးကိုပဲ အဓိက ထားပြောပါတယ်။

အီယူနိုင်ငံတစ်ခုက ရှုံချတဲ့အကြောင်းနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ ပြောပါတယ်။ ရိုဟင်ဂျာအကြောင်းလည်း ပါပါတယ်။

တူနီရှားက စိတ်ပူတာနဲ့ စပါတယ်။ ဖမ်းထားသူအားလုံး ချက်ချင်းလွှတ်ပါတဲ့။ ခြေဥကိုလေးစားပါတဲ့။ ရိုဟင်ဂျာအကြောင်းလည်း ပြောပါတယ်။

ဂျော်ဒန်က ယူအန်ပြောတဲ့အတိုင်းလိုက်နာပါတဲ့။ လူနည်းစုနဲ့ ရိုဟင်ဂျာတွေကို အကြောင်းကို ပြောပါတယ်။ ကာကွယ်ဖို့ပြောပါတယ်။ နိုင်ငံတကာနဲ့ အတူရပ်တည်ပါတယ်တဲ့။

စပိန်က အီးယူနိုင်ငံအနေနဲ့ ရှုံ့ချပါတယ်တဲ့။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်တာတွေကို ချက်ချင်းရပ်ပါတဲ့။ ယူအန်ချာတာအတိုင်းလုပ်ပါတဲ့။

တောင်အာဖရိကက အလေးအနက် စိတ်ပူပါတယ်။ အမေစုတို့ အစိုးရကို ဖမ်းထားတွေကို စိတ်ပူပါတယ်တဲ့။ နိုင်ငံတကာနဲ့ အတူရပ်တည်ပြီး တောင်းဆိုပါတယ်တဲ့။ မဲရလဒ်ကို လေးစားပါတဲ့။ စကားပြောကြပါတဲ့။ ကလေးတွေ အတွက်လည်း စိတ်ပူပါတယ်တဲ့။ ကိုဗစ်နဲ့ပတ်သက်ပြီးစိတ်ပူပါတယ်တဲ့။

မိုးဒိနိုင်ငံက စိတ်ပူတယ်တဲ့။ မအလကို ပြင်းထန်စွာ ရှုံ့ချပါတယ်တဲ့။ အမေစုတို့ အစိုးရကို ဖမ်းတာကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပါတဲ့။ လူအခွင့်အရေးချိုးဖောက်တာတွေ ရပ်ပါတဲ့။ ရိုတွေအပေါ် ချိုးဖောက်တာတွေကောပဲတဲ့။

ကာတာက မြန်မာဖြစ်နေတာတွေကို လေ့လာနေပါတယ်တဲ့။ အလေးအနက် စိတ်ပူပါတယ်တဲ့။ ပြည်သူတွေကို ထိခိုက်သလို ရိုတွေကိုလည်း ထိခိုက်ပါတယ်တဲ့။ မြန်မာအာဏာပိုင်တွေက ရိုတွေကို ကာကွယ်ရမယ်တဲ့။ ရိုအကြောင်းတွေပဲ အဓိုကပြောပါတယ်။ နိုင်ငံတကာနဲ့ အတူ ရပ်တည်ပါတယ်တဲံ။ စကားပြောကြပါတဲ့။

ဘရူနိုင်းက အာဆီယံချာတာနဲ့ ထုတ်ပြန်ချက်အတိုင်းလုပ်ဖို့ တိုက်တွန်းတယ်။ လူ့အခွင့်အရေးကို အဓိက ထားပြောတယ်။ စကားပြောကြပါတဲ့။ မြန်မာပြည်သူ အကျိုးအားလုံးကို လေးစားပါတယ်တဲ့။

ယူကေက မြန်မာကိုယ်စားလှယ် ၃၀၀ တင်ထားတာကို ပြန်ဖတ်ပြနေပါတယ်။ မတရားဖမ်းတာတွေ၊ အမေစုတို့ကို ဖမ်းတာတွေ၊ ပြောနေပါတယ်။ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကို ပိတ်တာတွေကို ပြန်ပြောပြတာပါ။

အခု အစည်းအဝေးကို နားပါတယ်။ နောက်ပိုင်းမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက စကားပြောပါမယ်တဲ့။

သုံးသပ်သလောက်ကတော့ ဥရောပနိုင်ငံအများစု တူရကီအပါအဝင်ကတော့ ပြင်းထန်စွာ ရှုံ့ချတယ်။ ချက်ချင်းလွှတ်ပေးဖို့ ပြောပါတယ်။ အာဖရိက နိုင်ငံတချို့ပါ ပါပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here