Taxi စီးနေရင်းနဲ့ ကားမောင်းတဲ့ အဘဆီကို ဖုန်းတွေ တစ်ခုပြီးတစ်ခုဝင်လာလို့ စမ်စုမိလိုက်တဲ့အခါ

112

အလုပ်သွားဖို့ taxi တစ်စီးတားလိုက်မိသောအခါ taxi မောင်းတဲ့အဘရဲ့အဖြစ်က ရင်ထဲမကောင်းဖြစ်မိပါတယ်။ အလုပ်သွားဖို့အိမ်ကအထွက် taxi တစ်စီးတားလိုက်မိတယ်

အသက်အရွယ်ကလဲ ကြီးနေတာကြောင့် ဈေးမဆစ်တော့ဘဲ အဘပြောတဲ့ဈေးနဲ့ဘဲ စီးလိုက်တယ်။ Taxi စီးနေရင်းနဲ့ အဘဆီကို ဖုန်းတခုဝင်လာတယ် ဆေးရုံတင်ထားရတဲ့ သူ့မိန်းမကို ဆေးသွင်းပေးဖို့ ငွေလာသွင်းပေးဖို့ အကြောင်းကြားတဲ့ဖုန်းလေး ကြားကြားချင်း

တကယ်ကို စိတ်ထဲမကောင်းသွားတာပါ ခနနေတော့ နောက်ထပ်ဖုန်းတခုထပ်ဝင်လာတယ်။ အိမ်ရှင်က အိမ်ဖယ်ပေးဖို့ပြောတဲ့ဖုန်း တကယ်စိတ်ထဲကိုဆို့သွားတာ အာ့တာနဲ့မနေနိုင်မထိုင်နိုင် အဘအကြောင်းလေးမေးကျိတော့ ဒီနေ့မနက်ဘဲ အဘဇနီးက

ကျနော်လဲဒီ့ထက်ပိုစပ်စုချင်တာနဲ့ အဘတို့မှာ ကျောထောက်နောက်ခံ သားသမီးတေမရှိဘူးလားလို့မေးလိုက်တော့ အဘမှာမျက်ရည်လေးဝဲပီး သားရယ် အဘကအရင်တုန်းက express တွေမောင်းတော့ ငွေရေးကြေးရေးအဆင်ပြေသေးတော့ ရှိတာလေးတွေထုခွဲရောင်းပီး

သား ၃ယောက်ကို နိုင်ငံခြားပို့ပေးခဲ့တာတဲ့ သူတို့ဆီက ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အခုတော့ ပို့လိုက်တဲ့နေ့ကစပီး ငွေရောလူရော ဘာအသံမှ မကြားရ တော့တာတဲ့ တကယ်စိတ်မကောင်းဘူး အာ့လို သားသမီးတေရှိတာ။

လမ်းမှာ အာ့လိုအဖိုးတေကိုတွေ့ရင်တတ်နိုင်သလောက်လေးကူညီပေးကြပါလို့၊ ကျနော်ကတော့ ကျနော်တတ်နိုင်တဲ့ဘက်ကနေ အဖိုးရဲ့ ဇနီးအတွက် ဆေးဖိုး ၅၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ အဖွားလဲ အမြန်ဆုံးသက်သာပီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here