Six Pack ရချင်လို့ ဖြတ်လမ်းနည်းနဲ့ ခွဲစိတ်ပြုပြင်ခဲ့တဲ့ အမျိုးသား

383

အမျိုးသား အများစုမှာ ခန္ဓာကိုယ်ကြွက်သားများ ရှိလာအောင် လေ့ကျင့်ခန်း အားကစားများ လုပ်ကြရသည်။သို့သော်လည်း ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးသည် ဘန်ကောက်မြို့ရှိ နာမည်ကြီး ဆေးရုံတစ်ခုတွင် ဗိုက်ကြွက်သား 6-packအား ရရှိအောင် ခွဲစိတ်မှု ပြုလုပ်ခဲ့သည်။

အမျိုးသားသည် ကိုယ်တိုင် လေ့ကျင့်ခန်း အားကစားများ လုပ်ခြင်းဖြင့် သူလိုချင်သော ကြွက်သားအား ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်မှု ကင်းမဲ့နေကာ အန္တရာယ်များသည့် ခွဲစိတ်ခြင်းနည်းလမ်းကို သုံးခဲ့ခြင်းဖြစ်သည်။

အမျိုးသားသည် ကံကောင်းထောက်မစွာဖြင့် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး သူလိုချင်သော ကြွက်သားအလှများပိုင်ဆိုင်ခဲ့ပြီး ခွဲစိတ်ခြင်းအတွက် နောင်တမရှိဟု ဆိုခဲ့သော်လည်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေသည်က ကြွက်သားအတုနှင့် အမျိုးသားဆိုပြီး နာမည်ကြီးနေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here