QUAD နဲ့ အပြိုင် စစ်ကောင်စီတပ်လည်း ဘင်္ဂလားပင်လယ်အော်မှာ စစ်ရေးလေ့ကျင့်မည်

358

Quadrilateral Security Dialogue (QUAD) လို့ အများခေါ်ဝေါ်ကြတဲ့ (အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ) တို့ ပါဝင်တဲ့ ဒီမိုကရေစီ နိုင်ငံများနဲ့ ပြင်သစ်နိုင်ငံတို့ ပူးပေါင်းပြီး ဘင်္ဂလားပင်လယ်အော်မှာ စစ်ရေးလေ့ကျင့်နေစဉ်မှာပဲ မြန်မာစစ်တပ်ကလည်း ဘင်္ဂလားပင်လယ်အော်မှာပဲ ၂၀၂၁ ဧပြီ ၄ ရက်ကနေ ၁၁ ရက်အထိ စစ်နည်းဗျူဟာ အဆင့် ဝေဟင်၊ မြေပြင်၊ ရေအောက်စစ်ဆင်ရေးပစ်ခတ်မှု လေ့ကျင့်ခန်းတွေကို ပြုလုပ်မယ်လို့ ထုတ်ပြန်သွားပါတယ်။

စစ်ရေးလေ့လာသူများကမူ စစ်ကောင်စီ လေ့ကျင့်မည်နေရာမှာ မြန်မာကမ်းရိုးတန်း အနီးတွင်သာ ဖြစ်ကြောင်း၊ နိုင်ငံကြီးများ စစ်ရေးလေ့ကျင်မှုနှင့် ဝေးကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းမှာ တပ်တွင်း စိတ်ဓာတ်မြှင့်တင်နိုင်ရန်အတွက် လေ့ကျင်ခြင်း ဖြစ်နိုင်ကြာင်း သုံးသပ်ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here