PDF လို့ပြောပြီး ပစ်လိုက်လို့ သမီးလေးအပြင် ဗိုက်တလုံးနဲ့ကျန်ခဲ့ရတဲ့ ဇနီးသည်ရဲ့အဖြစ်ဆိုး

235

PDF လို့ပြောပြီး ပစ်လိုက်လို့ သမီးလေးအပြင် ဗိုက်တလုံးနဲ့ကျန်ခဲ့ရတဲ့ ဇနီးသည်ရဲ့အဖြစ်ဆိုခင်ပွန်းဖြစ်သူကို PDF လို့ပြောပြီး ပစ်သတ်လိုက်လို့ ဖြေမဆည်နိုင်ဖြစ်နေရှာတဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်တစ်ဦး။

ယောက်ျားရေးနင် သွားနှင့်ပေးအုံးတော့နင်နဲ့ငါရတာမှ 3 နှစ်တောင် မရှိသေးဘူးနင် ငါ့အပေါရော မိသားစုအပေါရော ကောင်းပါတယ်ငါ့အဖေ ဆုံးတာမှ 2 လ ရှိသေးတယ်နင့်ပါ အခု ငါ ထပ်ဆုံးရူံးရတော့ ငါ့ရင်ထဲ ဗလောင်ဆူနေပါပြီနင့်ကိုသတ်ခက်တဲ့ မသာတွေ သူတို့ မိသားစု အမြန်ဆုံးသေပါစေလို့ မဆုတောင်ပါဘူး။

သက်ရှည် ကျန်မာပါစေဘဲ ငါဆုတောင်းပေးနေမှာနင်တို့ စစ်ခွေးတွေ အသက်ရှည်ကြပါစေဟာငါတို့မိသားစု ပြိုကွဲသလို နင်တို့ မပြိုကွဲပါစေနဲ့ငါတို့ခံစားရသလို နင်တို့စစ်ခွေးမိသားစု မခံစားရပါစေနဲ့ငါ့မှာ သမီးလေးနဲ့ ဗိုက်တလုံးနဲ့ ပါဟာနင်တို့ စစ်ခွေးတွေ မသတ်ခင်က သူ့ဖုန်းကို ကြည့်ရင် သိပါတယ်ငါတို့ မိသားစုပုံလေး ပါ ပါတယ်၊ငါတို့မိသားစုကို လုပ်ကျွေးနေတဲ့သူတယောက်ပါဟာ12 လပိုင်းဆို သူရင်သွေး သူ့သားလေးကို ငါမွေးပေးရတော့မှာသူ့သား မျက်နှာတောင် မကြည့်သွားရရှာဘူးနင်တို့စစ်ခွေးတွေ ရွေးဆို ငါရွေးမှာပေါ့ဟာအခု နင်တို့စစ်ခွေးတွေက လူကိုမဆန်ဘူးတခါတည် သတ်ပစ်တယ်။

သူ့ကိုစဖမ်းမိတော့ ဖုန်းလှမ်းဆက်ပါတယ်အမေတဲ့ သားကို PDF ဆိုပြီ ထိန်းသိမ်းထားတယ်တဲ့”အမေက လိုက်ဖို့နေရာမေးတော့”အမေကားစီးနိုင်လို့လား ခရီးကဝေးတယ် လိုက်နိုင်မှ လိုက်ခက်တဲ့”ကျမလည် ဖုန်းစပီကားဖွင့်ထားတော့ သူပြောတာလေးကိုကြားမိတာ သူမှာအသံတွေပါတုန်တယ်။သူ့အသံကို နောက်ဆုံးကြားခွင့်ရတာလေးက ရင်ထဲကိုဗလောင်ဆူသွားခက်ပါ ပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here