NUG လူ့အခွင့်အရေးဝန်ကြီးနှင့် ဒိန်းမတ်ရောက် မြန်မာများ တွေ့ဆုံဆွေးနွေး

109

ဒိန်းမတ်နိုင်ငံရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒိန်းမတ်နိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေ တွေ့ဆုံပွဲကို အောက်တိုဘာ ၉ ရက်နေ့က Sæby မြို့က Nordjylland Chin ဘုရားရှိခိုးကြောင်းနဲ့ ၁၀ ရက်နေ့က Bramming မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဦးအောင်မျိုးမင်းက ပြည်ထောင်စုဝန်ကြီးဌာနလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံတကာမှာ NUG အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုအခြေအတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဒိန်းမတ်ရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

တက်ရောက်လာသူတွေက သိလိုတဲ့အခြေအနေတွေကို ဝန်ကြီးအား မေးမြန်းခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဝန်ကြီးဟာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်ခရီးစဉ်အတွင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားနေကြတဲ့ အစိုးရမဟုတ်တဲ့ အရပ်ဘက် အသင်းအဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here