MPT က Huawei နှင့် ပေါင်းကာ အင်တာနက် အသုံးပြုသူများအားစောင့်ကြည့်ရန် ပြင်ဆင်နေ

110

MPT က Huawei နှင့် ပေါင်းကာ အင်တာနက် အသုံးပြုသူများအားစောင့်ကြည့်ရန် ပြင်ဆင်နေ (English below)
ရန်ကုန်၊ ဧပြီ ၂၈။

မြန်မာနိုင်ငံ၏ ကာလကြာ ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် MPT သည် တရုတ် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Huawei နှင့် ပူးပေါင်းကာ အင်တာနက်အသုံးပြုသူများအား စောင့်ကြည့်ရန် ပြင်ဆင်နေကြောင်းသတင်းရရှိသည်။

“CDM လုပ်နေတဲ့ MPT ဝန်ထမ်းတွေကို ဖိအားပေးရုံးတက်ခိုင်းပြီးတော့ ဟံသာဝတီ National Gateway မှာ အင်တာနက် အသုံးပြုသူတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ စက်တွေ ဆင်နေပါတယ်” ဟု MPT မှ အမည်မဖော်လိုသူ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်သည့် Huawei သည် MPT အား နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးနေသည့် တယ်လီကွန်း ကုမ္ပဏီတစ်ခုဖြစ်သည်။

ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိနေသည့် MPT သည် ၂၀၁၄ ခုနှစ်တွင် ဂျပန် ကုမ္ပဏီများဖြစ်သည့် KDDI, Sumitomo တို့ဖြင့် အကျိုးတူပူးပေါင်းကာ ဝန်ဆောင်မှုများပေးလျှက်ရှိသည်။

စာရင်းများအရ မြန်မာနိုင်ငံတွင် Sim Card သုံးစွဲသူ ၅၈ သန်းကျော် ရှိနေသည်။

သက်ဆိုင်ရာ ဖုန်းအော်ပရေတာများ၏ ထုတ်ပြန်ချက်များအရ MPT ကဒ်သုံးစွဲသူ ၂၅ သန်း ကျော် ၊ တယ်လီနောကဒ်သုံးသူ ၁၈ သန်းကျော်၊ အော်ရီးဒူး သုံးစွဲသူ ၁၀ သန်းခန့်နှင့် Mytel သုံးသူ ၅ သန်းကျော် ရှိနေကြောင်း သတင်းရရှိသည်။

MPT and Hwawei merge to monitoring internet users

Yangon, April 28

MPT, the state-owned incumbent operator teams up with Chinese tech giant Huawei to monitor internet users.

“MPT staff joining CDM are forced to get back to work. Devices designed to watch and control internet users are being installed at Hantharwady National Gateway,” an engineer at MPT told. He doesn’t want to be identified.

China-based telecom company Huawei provides technology assistance to MPT.

MPT under Ministry of Telecomunication has cooperated with Japan based companies KDDI and Sumitomo since 2014, offering service.

According to statistics, over 58 millions use sim cards and 25 million people are MPT users. There are over 18 million Telenor sim card users, 10 million Oredoo users and 5million Mytel users.

Burma Associated Press

LEAVE A REPLY

Please enter your comment!
Please enter your name here