Miss Grand Internationl ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ငိုပြီး အသနားခံခဲ့တဲ့ အလှမယ် ဟန်လေး 

277

စစ်ပွဲနှင့် အကြမ်းဖက်မှုများ ရပ်တန့်စေရန် ရည်ရွယ်သည့် Miss Grand Internationl ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ငိုပြီး အသနားခံခဲ့တဲ့ အလှမယ် ဟန်လေး

ကမ္ဘာ့တတိယ အကြီးအကျယ်အခမ်းနားဆုံးဖြစ်ပြီး စစ်ပွဲနှင့် အကြမ်းဖက်မှုများ ရပ်တန့်စေရန် ရည်ရွယ်သည့်Miss Grand Internationl ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် မြန်မာကိုယ်စားပြု အလှမယ် ဟန်လေးသည်ယမန်နေ့ညတွင် အထူးအခွင့်အရေး တစ်ရပ်ရရှိခဲ့ပါသည်။

ပြည်သူများ သတ်ဖြတ်ခံနေရမှု၊ မတရား အသက်ဆုံးရှုံးနေရသည့်Video Clip များကို စင်မြင့်ထက်မှ တစ်ကမ္ဘာလုံးက သန်းချီသော ကြည့်ရှုသူများကို ပြသကာ ငိုပြီး မြန်မာပြည်သူများအား အမြန်ဆုံးကယ်တင်ရန် အသနားခံ တောင်းဆိုခဲ့သည်.။

HanLay တာဝန်ကျေတာထက်ကိုပိုပါတယ် 💪🏻💪🏻💪🏻

သတင်းထောက်တွေကမေးတော့ ဒီမှာဘယ်လောက်ဆက်နေရဦးမလဲမသိဘူးတဲ့ 😭 လုံခြုံရေးအတွက်ကတော့စိတ်မပူပါဘူးတဲ့မြန်မာနိုင်ငံအတွက်ပဲပိုစိတ်ပူပါတယ်တဲ့ ဒီလောက် မအလအကြောင်းပြောထားတာ ပြန်ရင်တော့လုံခြုံမှုကမရှိနိုင်ဘူးတဲ့ 😭 ဒါပေမယ့် သူဒီလိုနိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာနိုင်ငံအခြေနေကိုချပြခွင့်ရတာပဲဂုဏ်ယူနေပါပြီတဲ့ 😭 မိသားစုနဲ့အဆက်အသွယ်ရလားဆိုတော့ မရဘူးတဲ့ WiFi ပဲရှိတယ်တဲ့ 😭 ဒီမှာနေဖို့ပိုက်ဆံရှိလားဆိုတော့ မရှိဘူးတဲ့ 😭 ငိုနေပါပြီ 😭😭😭

ငါတို့ပြည်သူတွေရင်းထားရတာ အရင်းနှီးကသိပ်များနေပြီနော်

LEAVE A REPLY

Please enter your comment!
Please enter your name here