KIA တို့ အသင့်စောင့်ကြိုတိုက်ခိုက် မှုကြောင့် မအလတပ်များ ထိခိုက်ကျဆုံးမှုအလွန်များ

333
Myanmar army soldiers queue to climb into a vehicle after an insurgent attack on the Myanmar-China major trading route in Nawnghkio township, Shan state, Myanmar August 15, 2019. REUTERS/Stringer NO RESALES. NO ARCHIVES.

လမ်းခုလပ်တွင် KIA တို့ အသင့်စောင့်ကြိုတိုက်ခိုက်၊ အာဏာသိမ်းအုပ်စုလွန်စွာအထိနာ
___
၂၂ မတ် ၂၀၂၁ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မုံးပေါ်သို့သွားရာလမ်းမ ဆဘုတ်ကောင်းခါးရွာအနီး ဟိုတောင်းလျှို တွင် အင်အားအလုံးအရင်းဖြင့် လှုပ်ရှားလာသော အာဏာသိမ်း တပ်မ ၉၉တို့အား KIA တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၃၆ မှ ရဲဘော်များ ယနေ့နံနက်၇:၀၀ နာရီအချိန်တွင် အသင့်စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အာဏာသိမ်းအကြမ်းဖက် တပ်မ ၉၉ တို့ လှုပ်ရှားလာသည်ကို ကြိုတင် သတင်းရရှိထားသောKIA ရဲဘော်များသည် နံနက် ၃:00 နာရီအချိန်မှစ၍ ဟိုတောင်းလျှို တွင် နေရာယူလျက်စောင့်ဆိုင်းနေရာ နံနက် ၇:၀၀ နာရီအချိန်တွင်အသင့်စောင့်ကြိုနေသော နေရာသို့ရန်သူများ ရောက်ရှိလာသဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အာဏာသိမ်းအုပ်စုဖက်မှထိခိုက်ကျဆုံးမှု အမြောက်အမြားရှိခဲ့ကြောင်း သိရသည်။ရှမ်းမြောက်ဒေသတွင် KIA နှင့် အာဏာသိမ်းတပ်တို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ယနေ့အချိန်ထိ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here