KBZ ဘဏ်ဝန်ထမ်း တဦးရဲ့ ပေါက်ကွဲသံ

37441

– ၆ နှစ်အတွင်း လစာမတိုးပေးခဲ့တာကို စိတ်မနာခဲ့ဘူး ငါတို့နားလည်ပေးခဲ့တယ်

– KBZ PAY မရှာလို့ ရာထူးမတိုးတာကို စိတ်မနာခဲ့ဘူး ငါတို့နားလည်တယ်

– Agent & Merchant ဆိုင် ၄၀ မရှာလို့ ရာထူးမထိုးတာ စိတ်မနာခဲ့ဘူး ငါတို့နားလည်တယ်

– Covid ကာလ သူများရုံးတွေ/အလုပ်တွေ Work From Home လုပ်နေပြီး ငါတို့ရုံးတတ်နေရတာကို စိတ်မနာခဲ့ဘူး ငါတို့တွေက အရေးပါတယ်ဆိုပြီး နားလည်ပေးခဲ့တယ်

– Covid ကာလ သူများရုံးတွေ/အလုပ်တွေ ဆန်/ဆီ/ဆား/ခေါက်ဆွဲခြောက်/ကော်ဖီ/နို့ဆီ တွေရပီး ငါတို့ KBZ က မပေးခဲ့လို့ ငါတို့စိတ်မနာခဲ့ဘူး ငါတို့ဖြည့်တွေးပေးခဲ့တယ်

– Covid Positive ဖြစ်တဲ့လုပ်ဖော်ကိုင်ဖက်တွေကို နေစရာကောင်းကောင်းမွန်မွန်မစီစဉ်ပေးနိုင်တာကို စိတ်မနာခဲ့ဘူး ငါတို့နားလည်ပေးခဲ့တယ်

– Positive နဲ့ထိတွေ့ခဲ့လို့ ကိုယ့်စရိတ်ကိုစားပြီး အားရှိအောင်နေခဲ့ရတာတွေကို စိတ်မနာခဲ့ဘူး ငါတို့နားလည်ပေးခဲ့တယ်

– နှစ်စဉ် နိုင်ငံတော်အခွန်တွေကို အစောဆုံးနဲ့အများဆုံးဆောင်နေရလို့ ငါတို့နှစ်စဉ်ရနေကြ သက်ြန် Bonus မရလို့ စိတ်မနာခဲ့ဘူး ငါတို့ဂုဏ်ယူခဲ့တယ်

– လူထောင်ချီ/သောင်းချီ/သိန်းချီတဲ့ ဆန္ဒပြပွဲလူအုပ်တွေကြားကနေ ငါတို့ ATM ငွေလာဖြည့်ကြတယ် အေးဆေးပဲ ပြည်သူတွေအတွက်ဆိုပြီး ငါတို့နားလည်ပေးခဲ့တယ်

– ရုံးတတ်နေတယ်ဆိုပြီး ဓာတ်ပုံရိုက်တင်မယ့် သတင်းသမားတွေကြား သေနတ်သံတွေကြားကနေ ငါတို့ ATM ငွေလာဖြည့်ကြတယ် ဒါလဲပဲ ငါတို့ထပ်မံပြီး နားလည်ပေးတယ်

– ငါတို့ ဘဏ်ကို ထိခိုက်စေမယ့် သတင်းမှန်သမျှ တတ်နိုင်သ၍ ငါတို့ရှင်းခဲ့တယ် ငါတို့ငြင်းခဲ့တယ်

– ဒီကာလမှာ ဘယ်သူတွေဘာပြောပြော ငါတို့ချစ်တဲ့ဘဏ်ကို ငါတို့ကာကွယ်ပေးခဲ့တယ်
အခုဟာကကွာ ဘယ်လိုမှနားလည်ပေးလို့မရဘူး

ငါတို့အိမ်မှာနေ စောက်ပျင်းကြောဆွဲပြီး ရုံးမလာမဟုတ်ဘူး ရုံးမတတ်တာမဟုတ်ဘူး

နိုင်ငံအတွက် စစ်မှန်တဲ့ဒီမိုကရေစီရဖို့

ငါတို့တင်မြှောက်ထားတဲ့အစိုးရ ငါတို့ပြန်ရဖို့

စစ်ဖိနပ်အောက်က ရုံးထွက်နိုင်အောင်လို့

အသက် သွေး ချွေးတွေနဲ့ ရင်းနှီးပြီး လမ်းပေါ်မှာ ဆန္ဒထွကိပြနေကြတာ

နိုင်ငံအတွက် အုပ်တချပ်မဖြစ်ရင်တောင် သဲတပွင့်အနေနဲ့ပါဝင်နိုင်အောင် ပြည်သူလူထုနဲ့ပူးပေါင်းကာကွယ်နေတဲ့

ငါတို့ကိုအကြမ်းမဖက်ရုံတမယ် မလှိမ့်တပတ်နဲ့ ရုံးတတ်ခိုင်းနေတာလား

ရှင်းရှင်းပဲပြောလိုက်မယ် -ီးတောင်မတတ်ဘူး

Phoo Ko Ko Naing

LEAVE A REPLY

Please enter your comment!
Please enter your name here