ကလေးမြို့မှာ စစ်သား ၄ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရ

100

ကလေးမြို့မှာ စစ်သား ၄ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရဟုဆို


ကလေးမြို့ တာဟန်းရပ်ကွက်တွင် မနေ့ည ၃ နာရီခန့်က စစ်သားတွေကပြည်သူ့သပိတ်ခံတပ်ကိုသွားရောက်ဖြိုခွင်းစဉ် စစ်သား ၄ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၀ နီးပါးရှိတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဗိုလ်ချုပ်လမ်းမဘေးက ပြည်သူတစ်ဦးက “ကျမတို့အိမ်ရှေ့မှာ စစ်သားတွေက ဗိုလ်ကြီးကျသွားပြီ၊ ဗိုလ်ကြီးကျသွားပြီလို့ပြောတဲ့အသံတော့ကြားတယ်။ ဘေးအိမ်က TV တစ်လုံးလည်း ခိုးသွားတယ်။ လမ်းကြားထဲမှာလည်း သွေးစွန်းနေတဲ့ Mask နဲ့စစ်ဝတ်စုံလည်းတွေ့ရတယ်” လို့ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်စဉ် စစ်ကား ၅ ခေါက်လောက် လမ်းဆုံဘက်သွားတယ်လို့ မျက်မြင်တွေထံမှသိရပါတယ်။
ဒဏ်ရာရရှိတဲ့စစ်သားတွေကို တပ်မတော်ဆေးရုံမှာ ကုသထားပါတယ်။

စစ်သားတွေဟာ မနေ့ည ၇ နာရီတွင် ပြန်လည်တပ်ဆုတ်ပြီး လမ်းဆုံဘက်မှာ ကင်းစောင့်နေတဲ့ လူတစ်ယောက်ပစ်သတ်သွားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here