သင်္ကြန်ကာလအတွင်း ငွေဆောင်ကမ်းခြေတွင် မြူးတူးပျော်ပါးခဲ့တဲ့ ပုံရိပ်တွေထွက်ပေါ်လာတဲ့ ဖိုးလပြည့်

107

ပရိသတ်ကြီးရေ  နေရွှေသွေးအောင်(ဖိုးလပြည့်ကိုတော့  အားလုံးလည်း  သိကြမယ်  ထင်ပါတယ်။ တစ်ခေတ်တစ်ခါက  မြန်မာနိုင်ငံကို ဦးသန်းရွှေ အုပ်ချုပ်ခဲ့စဉ်က ဖိုးလပြည့်ဟာ လိုတိုင်းတရခဲ့တဲ့ လိုတရမင်းသားလိုပါပဲ။  အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မာနထောင်လွှားခဲ့လို့ ကြည့်မရသူများစွာ ရှိနေခဲ့တာပါ။

စစ်ကောင်စီမှ အာဏာသိမ်းတဲ့ ဖြစ်စဉ်အပေါ်မှာလည်း ကြားနေအဖြစ်နဲ့သာ နေထိုင်ခဲ့သူပါ။ ရွေးကောက်ပွဲကာလတုန်းကလည်း NLD ဘက်သို့ မဲတစ်မဲထည့်ခဲ့ကြောင်းကို ပြည်သူလူထုထံသို့ ချပြခဲ့ပါသေးတယ်။ အခုလက်ရှိကာလမှာတော့ အထိခိုက်များတဲ့ ပြည်သူတွေကို စာနာစိတ်ထားကြောင်းကို သူ့ရဲ့ Instagram တွင် တင်ထားပါသေးတယ်။ တကယ်စိတ်ရင်းနဲ့လားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

အခုလည်း နေရွှေသွေးအောင်တစ်ယောက် သင်္ကြန်ကာလမှာ ငွေဆောင်ကမ်းခြေတွင် ပျော်ပါးခဲ့တဲ့ ပုံတွေ ဟိုးလေးတကျော်ဖြစ်နေပါတယ်နော်။ ဒီပုံတွေနဲ့ ပတ်သက်ပြီးတော့ ဖိုးလပြည့်ဘက်မှ တစ်စုံတစ်ရာကိုမှ ပြန်လည်တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here