ရုပ်ရှင် မင်းသမီး တစ်ယောက်အနေနဲ့ အနုပညာ လောကထဲ ဘယ်တော့မှ ပြန်ဝင်မလာတော့ဘူး လို့ စိတ်နာနာ နဲ့ ပြောလာတဲ့ နဝရတ်

336

တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ရုပ်ရှင်လောက မှာ နောက်ဆုံးအနေ နဲ့ တွေ့မြင်ခဲ့ရတဲ့ နဝရတ် ဟာ “သူတောင်းစား” ကာရိုက်တာကနေ ” သူဌေးသမီး “ကာရှိုက်တာ အဆုံးထိဟာကွက်တစ်ခုမရှိပဲပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီး တစ်လက် ဖြစ်ပါတယ်။

သူမ ဖန်တီးပြခဲ့တဲ့ အနုပညာကို အစကနေ အဆုံးထိ တာဝန်ယူမှု အပြည့်ရှိခဲ့ပြီး (၁၅)နှစ်တာ အချိန်ကာလ ပတ်လုံး သူမ ရဲ့နုငယ်ပျိုမြစ်မှုတွေနဲ့ အလှတွေကို။နှစ်မြုပ် ထားကာ ပရိသတ် အသုံးတော်ခံ သရုပ်ဆောင်ပြခဲ့သူပါ။ငွေကြေး ဓန ပြည့်စုံတဲ့ မင်းသမီးတစ်ယောက်ဖြစ်သော်လည်း ဝါသနာအရအနုပညာလမ်းကြောင်းမှာရပ်တည်နေသူဖြစ်ပြီး။

“တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ” မှာတော့အကယ်ဒမီဆုရရှိနိုင်ချေ စကာတင် မင်းသမီး စာရင်းမှာ ပါဝင်ခဲ့သော်လည်း အကယ်ဒမီဆုကြီး နဲ့ လုံးဝ လွဲခဲ့ရတာပဲမို့ နဝရတ် ပရိသတ်တွေ အလွန်ကိုစိတ်မကောင်းဖြစ်ခဲ့ရပြီး အကောင်းဆုံးကြိုးစားခဲ့ရတဲ့ နဝရတ်ကိုယ်တိုင်ကလည်းလက်ရှိမှာတော့ အနုပညာလောကကို သေခန်းပြတ် ထက်သွားဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်လို့လည်း ဆိုရမှာပါ။

အခွင့်အရေးကြုံလာမယ် ဆိုရင်တောင် အနုပညာ အလုပ်တွေကို လုံးဝ ပြန်မလုပ်တော့ဘူးလို့ယတိပြတ် ပြောကြား။လာခဲ့တဲ့ နဝရတ် ကတော့ ပရိသတ်တွေရှေ့ ရုပ်ရှင် မင်းသမီး နဝရတ် အဖြစ် ဘယ်တော့မှ မြင်တွေ့ရတော့မျာ မဟုတ်ပါဘူး။လက်ရှိ မှာတော့ နဝရတ်ဟာ သူမရဲ့ ဘဝဟာ အရမ်း ကိုမှ အရမ်းကို အေးချမ်းမှု ရှိပြီး တစ်သက်တာလုံး ဖြတ်သန်းတော့မှာ ဖြစ်သလို။

ဘယ်တော့မှ လည်း သူမ အိမ်ထောင်ပြုမဲ့ သတင်းကို ကြားရမှာ မဟုတ်ဘူးလို့လည်း ဆိုထားသူဖြစ်ပါတယ်။နဝရတ် ကိုယ်တိုင်ကလည်း ချစ်တဲ့ ပရိသတ်တွေကိုလည်း တမ်းတမ်း တတကြီး လွမ်းဆွတ်နေမှာ အမှန်ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here