ႏွစ္ႏွစ္ဆယ္ၾကာ အခ်ိန္ေပးၿပီး သစ္ေတာတစ္ေတာလံုးစိုက္ပ်ိဳးခဲ့တဲ့ ဘရာဇီးစံုတြဲ

315

ႏွစ္စဥ္ႏွစ္တိုင္း ကမၻာေျမႀကီးမွာ သစ္ေတာ ဆယ့္႐ွစ္သန္းဧက ဆံုး႐ံႈးလ်က္႐ွိၿပီး ဒါဟာ Panama ျပည္နယ္အက်ယ္္အဝန္းနဲ႔ ညီမွ်ပါတယ္။ သဘာဝပတ္ဝန္္းက်င္ရဲ႕ သိသာထင္႐ွားတဲ့ ေျပာင္းလဲမႈေတြဟာ လူသားေတြကိုသာမက မေရတြက္ႏုိင္တဲ့ တိရိစၦာန္မ်ိဳးစိတ္္ေတြကိုပါ သက္ေရာက္ေစတာပဲ ျဖစ္ပါတယ္။

ဒီကေန႔ေခတ္ လူသားေတြရဲ႕တာဝန္က ကမၻာႀကီးပ်က္စီးလာမႈကို ျဖစ္ႏုိင္သမွ်နည္းလမ္းေတြနဲ႔ ရပ္တန္႔ပစ္ဖို႔ လိုအပ္ေနတာပါ။ ဘရာဇီးလူမ်ိဳး စံုတြဲတစ္တြဲျဖစ္တဲ့ Sebastiao နဲ႔ Lelia Salgado တို႔က သစ္ေတာျပဳန္းတီးျခင္းကို ဘယ္သူမဆုိ ျပဳျပင္ထိန္းသိမ္းႏုိင္ေၾကာင္း သက္ေသျပခဲ့ၾကပါတယ္။

1994 ခုႏွစ္မွာ ဘရာဇီး ဓာတ္ပံုသတင္းေထာက္ Sebastiao Salgado ဟာ အေ႐ွ႕အာဖရိကကေန အိမ္ျပန္လာခဲ့ၿပီး ဝမ္းနည္းစိတ္ညစ္စရာေကာင္းတဲ့ မွတ္တမ္းတစ္ခုကို မွတ္တမ္းတင္ခဲ့ပါတယ္။ ဒီစိတ္ထိခုိက္စရာ အေတြ႔အႀကံဳေတြၿပီးေနာက္မွာေတာ့ ဘရာဇီးလ္႐ွိ Minas Gerais ဧရိယာမွာ႐ွိတဲ့ စိမ္းလန္းစိုေျပတဲ့ သစ္ေတာမွာ ၿငိမ္းခ်မ္းမႈကို ႐ွာေဖြခဲ့ပါတယ္။

ဒါေပမယ့္ ႏွစ္အနည္းငယ္အတြင္းမွာပဲ သစ္ေတာေတြဟာ ပ်က္စီးျပဳန္းတီးလာၿပီး ေျခာက္ေသြ႔တဲ့ ျမစ္ေတြနဲ႔ ေတာ႐ိုင္းတိရိစၦာန္နဲ႔ သဘာဝပတ္ဝန္းက်င္မ႐ွိပဲ ဖုန္ထူပ်က္စီးေနတဲ့ ႐ႈခင္းေတြအျဖစ္ ေျပာင္းလဲသြားတာကို ေတြ႔ခဲ့ရပါတယ္။

အဲဒီအခ်ိန္မွာ သူ႔ဇနီး Lelia ကမျဖစ္ႏုိင္ဘူးထင္တဲ့ အရာတစ္ခုကို ေျပာဆုိလာခဲ့ပါတယ္။ သူတို႔ေတြသာ အားစိုက္ၿပီးျပဳျပင္မယ္ဆုိရင္ အရင္ကအတုိင္းပဲ ျပန္လည္ျဖစ္္လာႏုိင္ေၾကာင္းကို ေျပာခဲ့ပါတယ္။ Sebastiao ကလည္း သူမရဲ႕အႀကံကို ေထာက္ခံခဲ့ၿပီး အပင္ေတြကိုျပန္စိုက္ဖို႔ကို ဆံုးျဖတ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ဒီေလာက္ႀကီးမားတဲ့ အလုပ္ကိုလုပ္ဖုိ႔ လူႏွစ္ေယာက္တည္းနဲ႔ မလံုေလာက္ဘူးဆိုတာကို သိခဲ့ၾကၿပီး သူတို႔ဟာ စြန္႔ပစ္ထားတဲ့ သစ္ေတာေျမ ၁၅၅ ဧကက်ယ္ဝန္းတဲ့ ေနရာကို ျပန္လည္ထိန္းသိမ္းဖို႔ လူ ၂၄ ေယာက္ကိုငွားကာ ေန႔ေရာညပါ အပင္ေတြစိုက္ပ်ိဳးခဲ့ၾကပါတယ္။ တစ္ခ်ိန္တည္းမွာပဲ Sebastiao ဟာ ဒီစီမံကိန္းကို ေထာက္ပံ႔ဖို႔ ေစတနာ့ဝန္ထမ္းေတြနဲ႔ ပါတနာေတြ ႐ွာေဖြခဲ့ပါတယ္။ 1998 ကေနစၿပီး ဒီစံုတြဲဟာ သစ္ပင္မ်ိဳးစိတ္ ၁၉၃ မ်ိဳးရဲ႕ ပ်ိဳးပင္ ေလးသန္းေက်ာ္ကို စိုက္ပ်ိဳးၿပီး အပူပိုင္းသစ္ေတာ ၁၅၀၂ ဧကကို ျပန္လည္ထူေထာင္ႏုိင္ခဲ့ပါတယ္။

ဒီသစ္ေတာေၾကာင့္ပဲ ေဂဟစနစ္တစ္ခုလံုးဟာ ျပန္လည္လည္ပတ္ႏုိင္ခဲ့ၿပီး တိရိစၦာန္မ်ိဳးစိတ္ေတြဟာလည္း သူတို႔ရဲ႕ေနရာကို ျပန္္လည္ေရာက္႐ွိလာၾကပါတယ္။ ဒီစံုတြဲက ေသးငယ္တဲ့ေျခလွမ္းကေန ႀကီးမားတဲ့ေအာင္ျမင္မႈ ရႏုိင္ေၾကာင္းကို ျပခဲ့ၿပီး လူသားေတြဟာ ကိုယ့္ရဲ႕ကိုယ္ပိုင္နည္းလမ္းေတြနဲ႔ ကမၻာႀကီးကို ကာကြယ္ႏုိင္ေၾကာင္း ျပသသြားခဲ့တာပဲ ျဖစ္ပါတယ္။

SHWEMOM
photo from Sebastião Salgado / facebook,treecointxc’s instagram

Unicode

နှစ်စဉ်နှစ်တိုင်း ကမ္ဘာမြေကြီးမှာ သစ်တော ဆယ့်ရှစ်သန်းဧက ဆုံးရှုံးလျက်ရှိပြီး ဒါဟာ Panama ပြည်နယ်အကျယ်အဝန်းနဲ့ ညီမျှပါတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေဟာ လူသားတွေကိုသာမက မရေတွက်နိုင်တဲ့ တိရိစ္ဆာန်မျိုးစိတ်တွေကိုပါ သက်ရောက်စေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ခေတ် လူသားတွေရဲ့တာဝန်က ကမ္ဘာကြီးပျက်စီးလာမှုကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ရပ်တန့်ပစ်ဖို့ လိုအပ်နေတာပါ။ ဘရာဇီးလူမျိုး စုံတွဲတစ်တွဲဖြစ်တဲ့ Sebastiao နဲ့ Lelia Salgado တို့က သစ်တောပြုန်းတီးခြင်းကို ဘယ်သူမဆို ပြုပြင်ထိန်းသိမ်းနိုင်ကြောင်း သက်သေပြခဲ့ကြပါတယ်။

1994 ခုနှစ်မှာ ဘရာဇီး ဓာတ်ပုံသတင်းထောက် Sebastiao Salgado ဟာ အရှေ့အာဖရိကကနေ အိမ်ပြန်လာခဲ့ပြီး ဝမ်းနည်းစိတ်ညစ်စရာကောင်းတဲ့ မှတ်တမ်းတစ်ခုကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီစိတ်ထိခိုက်စရာ အတွေ့အကြုံတွေပြီးနောက်မှာတော့ ဘရာဇီးလ်ရှိ Minas Gerais ဧရိယာမှာရှိတဲ့ စိမ်းလန်းစိုပြေတဲ့ သစ်တောမှာ ငြိမ်းချမ်းမှုကို ရှာဖွေခဲ့ပါတယ်။

ဒါပေမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ သစ်တောတွေဟာ ပျက်စီးပြုန်းတီးလာပြီး ခြောက်သွေ့တဲ့ မြစ်တွေနဲ့ တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်မရှိပဲ ဖုန်ထူပျက်စီးနေတဲ့ ရှုခင်းတွေအဖြစ် ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။

အဲဒီအချိန်မှာ သူ့ဇနီး Lelia ကမဖြစ်နိုင်ဘူးထင်တဲ့ အရာတစ်ခုကို ပြောဆိုလာခဲ့ပါတယ်။ သူတို့တွေသာ အားစိုက်ပြီးပြုပြင်မယ်ဆိုရင် အရင်ကအတိုင်းပဲ ပြန်လည်ဖြစ်လာနိုင်ကြောင်းကို ပြောခဲ့ပါတယ်။ Sebastiao ကလည်း သူမရဲ့အကြံကို ထောက်ခံခဲ့ပြီး အပင်တွေကိုပြန်စိုက်ဖို့ကို ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ အလုပ်ကိုလုပ်ဖို့ လူနှစ်ယောက်တည်းနဲ့ မလုံလောက်ဘူးဆိုတာကို သိခဲ့ကြပြီး သူတို့ဟာ စွန့်ပစ်ထားတဲ့ သစ်တောမြေ ၁၅၅ ဧကကျယ်ဝန်းတဲ့ နေရာကို ပြန်လည်ထိန်းသိမ်းဖို့ လူ ၂၄ ယောက်ကိုငှားကာ နေ့ရောညပါ အပင်တွေစိုက်ပျိုးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ Sebastiao ဟာ ဒီစီမံကိန်းကို ထောက်ပံ့ဖို့ စေတနာ့ဝန်ထမ်းတွေနဲ့ ပါတနာတွေ ရှာဖွေခဲ့ပါတယ်။ 1998 ကနေစပြီး ဒီစုံတွဲဟာ သစ်ပင်မျိုးစိတ် ၁၉၃ မျိုးရဲ့ ပျိုးပင် လေးသန်းကျော်ကို စိုက်ပျိုးပြီး အပူပိုင်းသစ်တော ၁၅၀၂ ဧကကို ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။

ဒီသစ်တောကြောင့်ပဲ ဂေဟစနစ်တစ်ခုလုံးဟာ ပြန်လည်လည်ပတ်နိုင်ခဲ့ပြီး တိရိစ္ဆာန်မျိုးစိတ်တွေဟာလည်း သူတို့ရဲ့နေရာကို ပြန်လည်ရောက်ရှိလာကြပါတယ်။ ဒီစုံတွဲက သေးငယ်တဲ့ခြေလှမ်းကနေ ကြီးမားတဲ့အောင်မြင်မှု ရနိုင်ကြောင်းကို ပြခဲ့ပြီး လူသားတွေဟာ ကိုယ့်ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ကမ္ဘာကြီးကို ကာကွယ်နိုင်ကြောင်း ပြသသွားခဲ့တာပဲ ဖြစ်ပါတယ်။

SHWEMOM
photo from Sebastião Salgado / facebook,treecointxc’s instagram

LEAVE A REPLY

Please enter your comment!
Please enter your name here