နိုင်ငံရေးကို လုံးဝနားမလည်တဲ့အတွက် ဝင်မပါတာ့တာဖြစ်ပြီး၊မိသားစုအ‌ရေးထက် အရေးကြီးတာ ဘာတစ်ခုမှမရှိဘူးဟု ဆိုတဲ့ မြင့်မြတ်

211

ကိုဗစ်ကာလအတွင်းမှာ အနုပညာရှင် တော်တော်များများ အလုပ်မဖြစ်တော့အတွက် နားလိုက်ရပါတယ်။ သရုပ်ဆောင်မြင့်မြတ်လည်း အလားတူ နားလိုက်ရပေမယ့် မိန်းမ၏မောင်ဖြစ်သူ၊ Online shopping တွင် ဝိုင်းကူရောင်းချရင်၊ မြင့်မြတ်တို့တစ်ဖွဲ့လုံးကို ပရိသတ်အားပေးမှု့ အမြောက်အများရခဲ့သလို၊ Live လွင့်တဲ့အချိန်ကို ထိုင်စောင့်ရသည်အထိ အားပေးခဲ့ကြပါသည်။ January လအစမှာ အာဏာမတရားသိမ်းခံရပြီး သိပ်မကြာခင်မှာပဲ လူတိုင်းရှေ့ထွက်ဆန္ဒပြခဲ့သလို သရုပ်ဆောင်မြင့်မြတ်လည်း ဆန္ဒပြခဲ့တာကိုတွေ့ရမှာပါ။

နောက်ပိုင်းမှာ ဘာသတင်းမှမကြားရတော့ပဲ၊ သင်္ကြန်ကာလရောက်္မှ စစ်တပ်မှပြုလုပ်သည့်သင်္ကြန်ပွဲကို တတ်ရောက်ခဲ့သည့်ပုံများနှင့်အတူ ပြန်ပေါ်လာခဲ့ပါတယ်။ အစပိုင်း ဆက်သွယ်မေးမြန်ချက်အရ မဟုတ်ပါဘူး မသွားပါဘူး အရင်ကပုံပါ ဆိုတဲ့ဖြေရှင်းချက်တွေကို ယုံကြည်ခဲ့ကြသည်။ နောက်ပိုင်းမှာသတင်းအချက်အလက်္များ ပိုမိုပြည့်စုံလာပြီး တစ်ယောက်ပီးတစ်ယောက် ပေါ်လာသည့်အချိန်မှာ ဟုတ်မှန်နေကြောင်း အားလုံးကလက်ခံခဲ့ကြသည်။

အခုလို ဖြေကြားထားတာမျိုးရှိပါတယ် အခုချိန်မှာ မိသားစုထက်အရေးကြီးတာ မရှိဘူး၊ နိုင်ငံရေးကို အရင်ကလည်း နားမလည်တဲ့အတွက် စိတ်မဝင်စားတာပေါ့၊ တစ်ဖြည်းဖြည်းနဲ့ ပြည်သူအားလုံးလက်ခံ နားလည်လာပါလိမ့်မယ် အားလုံးက၊ ဒီထပ်ပိုပြီးတော့ရှင်းပြဖို့ မရှိတော့ဘူးဟု ပြောကြားထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here