နိုင်ငံတကာ ဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင် ဆုအနေနဲ့ ဆန်ကာတင် စာရင်းဝင်နေတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု

142

ပရိသတ်တွေ အချစ်တော် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ကတော့ ရုတ်တရက် ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေမှာ ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့တာကို လေးစားစွာတွေ့ရပါတယ် ။ ဒါ့ကြောင့်လည်း နှစ်ယောက်လုံးက ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရတာဖြစ်ပါတယ် ။

ဒီနေ့မှာတော့ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ ” What happened to the Wolf? ” ဇာတ်ကားမှာ အူဝဲနဲ့ ပိုင်ဖြိုးသုတို့ နှစ်ယောက်က နိုင်ငံတကာ ဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်အဖြစ် ဆန်ကာတင် စာရင်း ဝင်နေတာကို တွေ့ရပါတယ် ။

ဒီသတင်းကို ကြားသိကြတဲ့ ပရိသတ်တွေရော အနုပညာရှင် အသိုင်းအဝိုင်းက ဝမ်းသာ ဂုဏ်ယူကြသလို စိတ်မကောင်းလည်းဖြစ်ခဲ့ကြရပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းကို မျှဝေပေးရင်း ဇာတ်ကားထဲက ပုံရိပ် အချို့ကို ဝေမျှပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here