နိုင်ငံတကာမှာ ခုခံချေပဖို့ မြန်မာစစ်အုပ်စု လော်ဘီဌား

172

မြန်မာစစ်အုပ်စုဟာ နိုင်ငံတကာမှာ သူတို့ဘက်ကနေ ခုခံချေပပေးဖို့ အစ္စရေးစစ်ထောက်လှမ်းရေးဟောင်း Ari Ben Menashe ဦးစီးတဲ့ ကနေဒါအခြေစိုက် Dickens & Madson Canada လော်ဘီလုပ်ငန်းကို ငှါးလိုက်ပါတယ်..

ဒီအဖွဲ့ဟာ လာမယ့်တစ်ပတ်က စပြီး အမေရိကန်တရားရေးဌာနနဲ့ တရားဝင် စတင်ဆက်သွယ် လော်ဘီလုပ်မှာ ဖြစ်ပြီး အဲ့သလိုလုပ်ပေးဖို့အတွက် စစ်အုပ်စုက ဒေါ်လာဘယ်လောက်ပေးလိုက်လဲကိုတော့ တရားဝင် ထုတ်မဖြေထားပါဘူး.. ပုံမှန်အားဖြင့် တစ်နှစ်ကို ဒေါ်လာရှစ်သိန်းလောက် ပေးရလေ့ရှိပြီး ခုကိစ္စမှာ ငွေကြေးပဏာမ မနည်းဘူးဘဲ ပြောနေတာမို့ သေချာပေါက်တော့ မီလျှံချီမှာပါပဲ..

စစ်အုပ်စု ငှါးထားတဲ့ Ari Ben Menashe က ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရစဉ်မှာ တရုတ်နဲ့ ဆက်ဆံရေး တိုးလာပြီး စစ်အုပ်စုက ဒါကို မကြိုက်ပါဘူး.. လို့ ပြောရုံမက ရိုဟင်ဂျာတွေ သေကျေပျက်စီး နစ်နာရသမျှသည်လည်း စစ်တပ်ကြောင့် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကြောင့်သာ ဖြစ်ပါတယ် လို့က ပြောပါသေးတယ်.. စစ်အုပ်စုဟာ လူထုခေါင်းဆောင်ကို အရာရာ ထိုးချမှာဟာ သေချာပေါက်ပါပဲ..

အခုလိုမြိုး မြန်မာစစ်အုပ်စုက လော်ဘီငှါးပြီးကို နိုင်ငံတကာစာမျက်နှာဆီ ချဉ်းကပ်နေရကတည်းက စစ်အုပ်စုဆီမှာ international pressure ဘယ်လောက်ကြီးသလဲကို မြင်နိုင်ပါတယ်. CRPH ဘက်ကနေ တန်ပြန်တိုက်ကွက်သုံးတဲ့အနေနဲ့ အခုထက် ပိုပြီး အမေရိကန်အစိုးရ၊ ဝါရှင်တန်ဒီစီနဲ့ နီးနီးကပ်ကပ် ချဉ်းကပ် အလုပ်လုပ်ဖို့ ပိုလိုလာတာတော့ဖြင့် အမှန်ပါပဲ..

စစ်အုပ်စု အာဏာစသိမ်းကတည်းကနေ လက်ရှိအနေအထားထိတော့ အမေရိကန်အစိုးရဟာ တောက်လျှောက် ဖိအားပေး၊ အာဏာသိမ်းတာကို လက်မခံကြောင်း တွင်တွင်ပြောခဲ့ပြီး ဖြစ်ပါတယ်.. ဒီလိုအနေအထားမှာ CRPH ဘက်က ဝါရှင်တန်ဒီစီကို ကိုယ့်ဘက်လုံးလုံးပါအောင် အခုထက် ပိုအားထုတ်နိုင်မယ်ဆိုရင်တော့ စစ်အုပ်စုဟာ အစ္စရေးထောက်လှမ်းရေးဟောင်းထောင်တဲ့ လော်ဘီကုမ္ပဏီ မကလို့ ဘယ်သူ့ငှါးငှါး၊ သိပ်တော့ ပူစရာမလိုပါဘူး..

ဓမ္မဟာ ကိုယ်တွေပြည်သူဘက်က ရှိနေပြီးသားမို့ CRPH ဟာ Washington, D.C. နဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးကိုသာ အမြန်တည်ဆောက်ဖို့ လိုပါတယ်.. တည်ဆောက်နိုင်မယ်လို့လည်း ယုံတာပါပဲ.

LEAVE A REPLY

Please enter your comment!
Please enter your name here