နိုင်ငံတကာကသရုပ်ဆောင်တွေကို ကျော်ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

183

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ (၂)ယောက်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျာမဏီနိုင်ငံ Oldenburg မြို့မှာ ကျင်းပတဲ့ Oldenburg International Film Festival မှာ “What happened to the Wolf?” ဆိုတဲကရုပ်ရှင်ဇာတ်ကားနဲ့ Seymour Cassel Award for Outstanding Performance အတွက် ဇကာတင်စာရင်းမှာ နှစ်ဦးစလုံးဝင်ရောက်ခဲ့တာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။

ဒီနေ့မှာတော့ ဆုရရှိတဲ့သူတွေကိုကြေညာခဲ့ပြီး နိုင်ငံတကာက နာမည်ကြီးသရုပ်ဆောင်တွေကိုကျော်လွန်ပြီး အိန္ဒြာကျော်ဇင်ကတော့ Oldenburg International Film Festival ပွဲတော်မှ Seymour Cassel Award for Best Performance ဆုကိုရရှိခဲ့ပါတယ်။ ဆုရရှိကြောင်းကို ကြေညာစဉ်မှာလည်း “သရုပ်ဆောင်ဆိုတာ တန်ပြန်သရုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ယောက်ရဲ့ Performances ကိုခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ထိပါပဲ။ ဒီအဓိက သရုပ်ဆာင် နှစ်ယောက်ဟာ ကျွန်မတို့ (ကြည့်ရှုသူ ပရိသတ်) ကို ရှုပ်ထွေးဆန်းပြားလှတဲ့ ဘဝရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတစ်ခုအဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဏကြီးရဲ့ “what happened to the wolf?” ပါဝင်တဲ့ အဓိက သရုပ်ဆောင်နှစ် ယောက်စလုံးဟာ မြန်မာနိုင်ငံမှ အကယ်ဒမီ ဆုရှင်တွေဖြစ်ပြီး ကျွန်မတို့ (ကြည့်ရှုသူ ပရိတ်) ကို မှင်သက်ငေးမော၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ နှစ်ယောက်၊ ကံကြမ္မာက တစ်ခုတည်း။ တစ်ယောက်က မထီတရီ၊ တစ်ယောက်က ရှေးဆန်ဆန်နဲ့ ချဉ်းကပ်ကြရာမှာ ပါးနပ်မှု၊ ရိုးရှင်းမှု၊ အနုပညာစံပြည့်ဝမှုတို့နဲ့ သရုပ်ဆောင်ထားပြီး အခြားလူတွေကိုပါ သူတို့ရဲ့လွတ်လပ်မှုအရသာကို ခံစားစေနိုင်စွမ်းပေးခဲ့ပါတယ်။

ကျွန်မတို့ဟာ ဒီသရုပ်ဆောင်ရဲ့ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ 2021 Seymour Cassel Award for Outsanding Performance ဆုကို ဏကြီးရဲ့ what happened to the wolf? ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်အား ချီးမြှင့်လိုက်ပါတယ်။လို့လည်း ချီးကျူးဂုဏ်ပြုခံခဲ့ရပါသေးတယ်။ပရိသတ်ကြီးရေ အခုလို နိုင်ငံတကာကသရုပ်ဆောင်တွေကို ကျော်ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်အတွက် ဂုဏ်ပြုစကားတွေပြောပေးခဲ့ပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here