၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီ မြောက်ဒဂုံတွင်ဖမ်းဆီးခံရ

85

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဂျင်မီ ရန်ကုန်မြို့ မြောက်ဒဂုံတွင် ဖမ်းဆီးခံလိုက်ရတယ်လို့ ဇနီးဖြစ်သူမနီလာသိန်းက လူမှုကွန်ယက်မှ တစ်ဆင့် ပြောကြားထားပါတယ်။

ဖမ်းဆီးခံထားရသည့် ကိုဂျင်မီမှာ လက်ရှိမှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဇနီးဖြစ် သူက လူမှုကွန်ရက်စာမျက်နှာ မှာ ရေးထားထားပြီး ဖမ်းဆီးမှုနောက်ပိုင်း ဖြစ်ပေါ်လာ သည့် အခြေအနေအားလုံးကို တာဝန်ယူရမယ်လို့ထည်း ဖော်ပြထားပါတယ်။

ကိုဂျင်မီသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှ ကျောင်းသားခေါင်းဆောင်များ တည်ထောင်ထားသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈/ငြိမ်းပွင့်) အဖွဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

ကိုဂျင်မီကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅−ခ ဖြင့် ဖမ်းဝရမ်းထုတ်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here