(၇) ရက်သားသမီးများအားလုံး ကပ်ကြီး (၃) ပါးက ကင်းဝေစေဖို့ ကုလိုလ်ပြု ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

88

ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ နေ့စဉ်ဆက်တိုက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။မိဘမဲ့ဂေဟာကိုလည်း ကိုယ်တိုင် ဦးစီးပြီး ဖွင့်လှစ်ထားတဲ့အပြင် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်စရာလေးတွေ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့လှူဒါန်းပေးတာတွေလည်း တွေ့မြင်ရပါတယ်။လတ်တလော ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာလည်း ခိုင်နှင်းဝေဟာ အောက်ဆီဂျင်များ လှူဒါန်းပေးခဲ့တဲ့အပြင် ရေဘေးသင့်ပြည်သူတွေအတွက်ပါ တတ်နိုင်လောက် လှူဒါန်းနေတဲ့ လေးစားစရာ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

သူမပြုလုပ်လှူဒါန်းပေးခဲ့တဲ့ အလှူတွေကိုလည်း ပရိသတ်တွေကို အမြဲတမ်းဖော်ပြပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက မန္တလေးကို ရောက်ရှိနေတာဖြစ်ပြီး အလှူအတန်းတွေ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်လျက်ရှိပါတယ် ။ ဒါ့အပြင် (၇) ရက်သားသမီးများ အားလုံး ကပ်ကြီး (၃) ပါးက ကင်းဝေစေဖို့ အတွက်လည်း ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here