၆၈ သိန်းတန် လက်စွပ်ကို ဖခင်ကြီးအတွက် Surprise လက်ဆောင်အဖြစ် ကန်တော့ခဲ့တဲ့ မင်းရတုပိုင်

86

ပရိသတ်ကြီးရေ မင်းရတုပိုင်ကတော့မမက မောင်ခေါ်ရာလိုက်မှာလား သီချင်းနဲ့ မိန်းကလေးပရိသတ်တွေ ရင်ထဲကိုရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ Music Video အသစ်တွေ ကိုလည်း ပရိသတ်တွေက တခဲနက်အားပေးဝန်းရံခဲ့ကြတာပဲ ဖြစ်ပါတယ်။မိန်းကလေးပရိသတ်တွေအသည်းစွဲ ကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ဦးလို့လည်းဆိုရမှာပါ။

မင်းရတုပိုင်ကတော့ မကြာသေးခင်ကလည်း မိခင်ကိုဆုံးရှူံးခဲ့ရတာကြောင့် ဝမ်းနည်းကြေကွဲခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ မိဘနှစ်ပါးထဲကကျန်ရစ်ခဲ့သူ ဖခင်ကြီးအပေါ်မှာ လိုလေးသေးမရှိ ဂရုစိုက်ကာ မိခင်ကြီးအတွက်လည်းရည်စူးကာအလှူအတန်းတွေပြုလုပ်လျက်ရှိနေတာပါ။ ဒီနေ့မှာလည်း ဖခင်ဖြစ်သူကို Surprise အကြီးကြီးပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမှာ ဖော်ပြခဲ့တာပါ။

“ဒီနေ့အဖေ့အတွက် surprise လေး လုပ်ပေးဖြစ်တယ်…..အနာဂတ်မှာ အမေ့အတွက် အလှူတွေလုပ်ပေး…အဖေ့အတွက် အခုလို ဖြည့်ဆည်းပေးရင်းနဲ့ မိဘကိုငယ်ငယ်လေးတည်းကနေခုထိ စိတ်ညစ်အောင်မလုပ်ခဲ့ပဲ ခုလို ခုအရွယ်ထိ ဖြည်းဆည်းပေးခွင့်ရအောင် မွေးဖွားပေးတဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ် အမေလဲ ကောင်းရာဘုံဘဝကနေ ကျေနပ်ပျော်နေပါစေ အမေ”ဆိုတဲ့စာလေးနဲ့အတူ ၆၈သိန်းတန် ​လက်စွပ်ကို လက်ဆောင်ပေးခဲ့တာပါ။ပရိသတ်ကြီးလည်းမိဘအပေါ်သိတတ်တဲ့ မင်းရတုပိုင်အတွက်ချီးကျူးစကားလေးပြောခဲ့ပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here