၅နှစ်အရွယ်မှာ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရပေမဲ့ မိဘတွေကို စိတ်မနာ ခဲ့ပါဘူး ဆိုတဲ့ ဦးဇင်းအရှင်ကောဏ္ဍည

94

အသက်၅နှစ်အရွယ်မှာ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရတဲ့ ဦးဇင်းအရှင်ကောဏ္ဍညက စွန့်ပစ်ခဲ့ကြတဲ့ မိဘတွေ ကို စိတ်မနာပါဘူးလို့ မိန့်ပါတယ်လူတချို့ကမေးကြတယ် ။ ဦးဇင်း မိဘတွေကထားခဲ့တာ ။အဲ့မိဘတွေကို စိတ်ဆိုးလား စိတ်နာလားလို့မေးကြတယ် ။အော် ဒါသိချင်တော့ဖြေရတာပေါ့နော်. ။ သာမန်အနေနဲ့ ကြည့်မယ်ဆိုရင် စိတ်နာစရာ စိတ်ဆိုးစရာ ပေါ့နော် ။

ဒါပေမယ့် မိမိကတော့ ဘယ်တုန်းကမှ စိတ်မဆိုး စိတ်မနာပါမွေးပေးပီး လူ့လောကထဲ ရောက်ပို့ပေးလို့ ကျေးဇူးအထူးတင်ပါတယ်။ မိသားစုနဲ့ အတူတကွမနေရတာကတော့ မိမိပြုလုပ်ခဲ့သောအကုသိုလ်ကံကြောင့်ပေါ့နော်ဘယ်သူ့ကိုမှ အပြစ်တင်လို့မရသလို အပြစ်ပုံချလို့လည်းမရပါ။ အတိတ်ကံ ပြုခဲ့သောကံ အခုခံရမယ် ။နောင်ဘဝကောင်းခြင်ရင်တော့ အခုကတည်းကကောင်းတာလုပ်ကြပေါ့။ ဦးဇင်းကတော့ ဘယ်သူ့ကိုမှ လက်ညိုးထိုး၍မပြောပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သဗ္ဗေသတ္တာကမ္မသကာဘဲမဟုတ်လား ။ ကျန်းမာချမ်းသာစွာသာသနာပြုနိုင်ပါစေ ။မိဘကျေးဇူးကို ဆပ်နိုင်ကြပါစေ လို့ ဦးဇင်းလေးက သူ့ရဲ့ဘဝနဲ့ပတ်သက်လို့ မိန့်ပါတယ်။ ဦးဇင်းလေးက ငယ်စဉ်ကာလက မိဘတွေ မရှိတော့ အနှိမ်ခံခဲ့ရတာတွေလည်း ကြုံခဲ့ရတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here