၂၅ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို တောင်တွင်းကြီးကပေါက်သူ ထုတ်ယူသွား

323

၂၅ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို တောင်တွင်းကြီးကပေါက်သူ ထုတ်ယူသွား

ရန်ကုန် မတ် ၁၆ . ၂၀၂၁
ယဉ်ပပထွန်း ( VOM)

၂၅ ကြိမ်မြောက် သိန်းတစ်သောင်းခွဲကို တောင်တွင်းကြီးမြို့ပေါ်က ဆွတ်ခူးသွားတဲ့အတွက် ဒီနေ့လာရောက်ထုတ်ယူသွားတယ်လို့ အေင်ဘာလေသိန်းဆုဌာနခွဲက သိရပါတယ် ။

ထီပေါက်တဲ့ဆုငွေတွေကို ဒီနေ့မနက်ကစပြီးထုတ်ပေးနေတာပါ ။သိန်းတစ်သောင်းခွဲကို ဒီနေ့မနက်ကပဲ တောင်တွင်းကြီးက ပေါက်သွားလို့ ရုံးကိုလာရောက်ထုတ်ယူသွားပါပြီ၊ ဒီတပတ်လည်း ဆုငွေတွေကလျော့မနည်းသွားပါဘူး ။ အရင်လတွေကလို ပုံမှန်အတိုင်းဖွင့်ပေးတာပါ ။သတင်းစာတွထဲမှာ ကြည့်ကြည့်ပါ ပုံမှန်အတိုင်းပါပဲ “လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က VOM ကိုပြောပါတယ် ။

ပေါက်တဲ့ ထီဆုကို ဘယ်လိုပုံစံနဲ့ ထုတ်ပေးတယ်ဆိုတာကို ဆက်မေးကြည့်တော့

“ဒီနေ့မနက် သိန်းတစ်သောင်းခွဲလုံးကိုချက်နဲ့ထုတ်ပေးလိုက်ပါတယ် ကျွန်တော်တို့က ငွေသားကိုင်မရပါဘူး ။ ဒါကြောင့်ချက်နဲ့ထုတ်ပေးလိုက်တာပါ ။ မြန်မာ့စီးပွားရေးဘဏ်မှာပဲ ဒီနေ့မနက် ပေါက်သူက အကောင့်ဖွင့်သွားပါပြီ။ဒီအချိန်မှာငွေသားတော့မထုတ်ပေးဘူးလေ ။ ဘဏ်မှာပဲအကောင့်ဖွင့်သွားတာပါ”လို့ ဦးညီညီလှိုင်ပြောပါတယ်။

VOM ကတောင်တွင်းကြီးကို စုံစမ်းရတာကတော့ နာမည်ကြီးထီဆိုင်တဆိုင်က ရောင်းမကုန်တဲ့ ထီလက်ကျန်ကနေ ဒီဆုကို ပေါက်သွားတာလို့ သိရပါတယ်။

၂၀၂၁ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် လတွေမှာရောင်းချနေတဲ့ ၂၄ ၊ ၂၅ ၊ ၂၆ ကြိမ်မြောက်အောင်ဘာလေထီစာအုပ်တွေရဲ့ လုံခြုံမူအရည်အသွေးပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီးတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ ညွှန်ကြားရေးမှူးရုံး ( ဝါဇီ) ထီလက်မှတ်တွေရဲ့အောက်ခံအရောင်ကို အစိမ်းနုရောင်အဖြစ်နဲ့ထုတ်ဝေရောင်းချမူတွေပြုလုပ်ခဲ့ပြီးနောက် အရောင်တွေကနေရောင်ထိတွေ့မူတွေကြောင့်အရောင်ပျယ်သွားပေမယ့် ထီဆုငွေတွေထုတ်တဲ့အခါအမှာ အလက်အခဲမရှိစေအောင်ဆောင်ရွက်ထားတယ်လို့လည်းသိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here