မြဝတီ- ကော့ကရိတ် အာရှလမ်းသစ် ကွမ်းခြံကုန်းမှာ မြေသယ်ယာဉ်တိမ်းမှောက်လို့ လူ ၂၀ကျော် ထိခိုက်ဒဏ်ရာရ

119

မြဝတီ- ကော့ကရိတ် အာရှလမ်းသစ် ( တောင်ပေါ်လမ်း) ကွမ်းခြံကုန်းမှာ ဒီကနေ့အောက်တိုဘာ၁၁ရက် မနက်ပိုင်းက လူတင်ဆောင်လာတဲ့ မြေသယ်ယာဉ်က တောင်နံရံကိုဝင်တိုက်ခဲ့လို့ လူ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သင်္ဃန်းညီနောင်လူမှုကူညီရေးအဖွဲ့ က သိရပါတယ်။ ယာဉ်ပေါ်ပါသူတွေဟာ ဖားအံကနေ မြဝတီ ရွှေက္ကိုလ် ကကျောက်မိုင်းလုပ်ငန်းကို သွားကြဖို့ဖြစ်ပြီးယာဉ်အရှိန်မထိန်းနိုင်ဘဲတောင်နံရံကိုဝင်တိုက်မိတာလို့ ဆိုပါတယ်။

” ဒဏ်ရာပြင်းထန်တဲ့သူကတော့ ၅ယောက် ၊ ၆ယောက်လောက်ရှိတယ်။ကျန်တာကတော့ ပွန်းပဲ့ရုံဖြစ်ကြတယ်။စုစုပေါင်း ဆို ဒရိုင်ဘာ အပါ ၂၃ ယောက် ဖြစ်တယ်။

မြဝတီဆေးရုံကိုပို့ပေးလိုက်ရတယ် ” လို့ သင်္ဃန်းညီနောင်လူမှုကူညီရေးအဖွဲ့ က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။အာရှလမ်းသစ် ( တောင်ပေါ်လမ်း) ကွမ်းခြံကုန်း နေရာဟာ ယာဉ်တွေမကြာခဏတိမ်းမှောက်တာနဲ့ တိုက်တာတွေဖြစ်လေ့ရှိတဲ့နေရာလို့ ဒေသခံတွေကပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here