ကိုရီးယားကတော့ မြန်မာပြည်သူတွေကို အားပါးတရ ကူညီလိုက်ပြန်ပါပြီ

225

ကိုရီးယားက မြန်မာနိုင်ငံကို ဘယ်လောက်တောင် ကူညီချင်ကြလဲဆိုရင် ဒီနေ့မနက် အလုပ်မှာ meeting ခေါ်ပြီး ကျွန်တော်တို့ ကုမ္ပဏီနာမည်နဲ့ ပိုက်ဆံစုပြီး မြန်မာနိုင်ငံကို လှူမလို့တဲ့…

အလုပ်မှာ လူက ၆၀ လောက်ရှိတာ ကကြီးသားတစ်ယောက်ကို ဝမ်၅သိန်း (မြန်မာငွေ ၆ သိန်းဝန်းကျင်) စီ ထည့်ပြီး လှူကြမယ်ပြောတယ်… သူဌေးကတော့ ပိုထည့်မှာပေါ့…ပြောရမယ်ဆိုရင် အလုပ်ထဲမှာ သူဌေးတို့ စက်ရုံမှုးတို့ အကြီးပိုင်းတွေလောက်ပဲ ပိုက်ဆံရှိကြတာ

ကျန်တဲ့သူတွေက သာမန် အခြေခံဝန်ထမ်းတွေ… ကိုယ်တွေဆီက စက်ရုံဝန်ထမ်းတွေလိုပဲ… အဲ့ဒါကို သူတို့ရတဲ့ လစာရဲ့ ၄ ပုံ ၁ ပုံလောက်ကို သူတို့နဲ့ ဘာမှမဆိုင်တဲ့ နိုင်ငံတစ်ခုအတွက် ”

ကိုယ်ချင်းစာစိတ်”လေးတစ်ခုနဲ့ ရက်ရက်ရောရော လှူပေးကြတာ တကယ်ကို ဝမ်းနည်းဝမ်းသာဖြစ်ရတယ်…အစစအရာရာအတွက် ကျေးဇူးတင်ပါတယ် ကိုရီးယားရေ… အမြဲတမ်းရင်ထဲမှာ မှတ်ထားပါ့မယ်…

LEAVE A REPLY

Please enter your comment!
Please enter your name here