ျမန္မာျပည္သူမ်ားကို မသတ္ရန္ ရာနဲ႔ခ်ီတဲ့ ဂ်ပန္ျပည္သူမ်ား လဲေလ်ာင္းဆႏၵျပ

245

ျမန္မာျပည္သူမ်ားကို မသတ္ရန္ ရာနဲ႔ခ်ီတဲ့ ဂ်ပန္ျပည္သူမ်ား လဲေလ်ာင္းဆႏၵျပ

ဂ်ပန္ျပည္သူေတြရဲ႕အခြန္ေငြေတြနဲ႔ ျမန္မာျပည္သူေတြကိုမသတ္ဖို႔ ေတာင္းဆိုတဲ့ ဆိုင္းဘုတ္ေတြကိုင္ၿပီး တိုက်ိဳၿမိဳ႕ ဂ်ပန္ႏိုင္ငံျခားေရး႐ုံး​ေရွ႕မွာ ရာနဲ႔ခ်ီတဲ့ ဂ်ပန္ျပည္သူေတြက ဒီကေန႔ ေမလ ၂၁ ရက္ညပိုင္းမွာဆႏၵျပခဲ့ၾကပါတယ္။

လမ္းမေပၚမွာဆႏၵျပတဲ့ ျမန္မာျပည္သူေတြ အသတ္ခံရပုံစံနဲ႔ လဲေလ်ာင္း ဆႏၵျပခဲ့ၾကတာျဖစ္ၿပီး ဆႏၵျပပြဲမွာ ဂ်ပန္ဘုန္းေတာ္ႀကီးေတြအပါအဝင္ ဂ်ပန္အန္ဂ်ီအို ၃၀ ေက်ာ္က ပူးေပါင္းပါဝင္ခဲ့ၾက ပါတယ္။

ဦးေဆာင္သူတဦးျဖစ္တဲ့ မစၥတာ ကိုဂ်ီဆူဂိဟာရက “အာဏာသိမ္းျမန္မာစစ္ေကာင္စီက ဆႏၵျပ ျမန္မာျပည္သူေတြကို ေန႔စဥ္ အၾကမ္းဖက္သတ္ျဖတ္ေနတာ ၈၀၀ ေက်ာ္ေသဆုံးခဲ့ရသလို မတရားဖမ္းဆီး ႏွိပ္စက္တာေတြ ဆက္လက္က်ဴးလြန္ေနတာမို႔ အခုလိုလာေရာက္ ဆႏၵျပတာ”လို႔ ေျပာပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ အာဏာသိမ္းစစ္ေကာင္စီကို အေထာက္အပံ့ျဖစ္ေစမယ့္ ODA အပါအဝင္ တျခားအေထာက္အကူေတြေပးတာ ရပ္တန္းကရပ္ဖို႔ ဂ်ပန္ပျပည္သူေတြရဲ႕ ေတာင္းဆိုစာကိုလည္း ဂ်ပန္ႏိုင္ငံျခားဝန္ႀကီးထံ ႐ုံးတြင္းတာဝန္က်အရာရွိမွတဆင့္ေပးပို႔ ေဆြးေႏြးခဲ့ပါေသးတယ္။

ျမန္မာ့အေရးလႈပ္ရွားသူ ဦးျမင့္ေဆြကလည္း ဂ်ပန္အစိုးရအေနနဲ႔ ပိုမိုပြင့္လင္းျမင္သာမႈေတြ ျမန္မာျပည္သူေတြကိုျပသေစခ်င္တယ္လို႔ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံကအေျခအေနေတြ တိုးတက္ေကာင္းမြန္လာတာမ်ိဳး မရွိဘူးဆိုရင္ ဂ်ပန္ကလက္ရွိေပးေနတဲ့ ODA ကိုသာမက အကူအညီအားလုံးကို ျဖတ္ေတာက္ဖို႔ စဥ္းစားသြာမွာျဖစ္တယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး မိုတဲဂိ တိုရွိမိဆုက Nikkei သတင္းစာမွာ ေျပာထားပါတယ္။

Unicode

မြန်မာပြည်သူများကို မသတ်ရန် ရာနဲ့ချီတဲ့ ဂျပန်ပြည်သူများ လဲလျောင်းဆန္ဒပြ

ဂျပန်ပြည်သူတွေရဲ့အခွန်ငွေတွေနဲ့ မြန်မာပြည်သူတွေကိုမသတ်ဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး တိုကျိုမြို့ ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ ရာနဲ့ချီတဲ့ ဂျပန်ပြည်သူတွေက ဒီကနေ့ မေလ ၂၁ ရက်ညပိုင်းမှာဆန္ဒပြခဲ့ကြပါတယ်။

လမ်းမပေါ်မှာဆန္ဒပြတဲ့ မြန်မာပြည်သူတွေ အသတ်ခံရပုံစံနဲ့ လဲလျောင်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြပွဲမှာ ဂျပန်ဘုန်းတော်ကြီးတွေအပါအဝင် ဂျပန်အန်ဂျီအို ၃၀ ကျော်က ပူးပေါင်းပါဝင်ခဲ့ကြ ပါတယ်။

ဦးဆောင်သူတဦးဖြစ်တဲ့ မစ္စတာ ကိုဂျီဆူဂိဟာရက “အာဏာသိမ်းမြန်မာစစ်ကောင်စီက ဆန္ဒပြ မြန်မာပြည်သူတွေကို နေ့စဉ် အကြမ်းဖက်သတ်ဖြတ်နေတာ ၈၀၀ ကျော်သေဆုံးခဲ့ရသလို မတရားဖမ်းဆီး နှိပ်စက်တာတွေ ဆက်လက်ကျူးလွန်နေတာမို့ အခုလိုလာရောက် ဆန္ဒပြတာ”လို့ ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမယ့် ODA အပါအဝင် တခြားအထောက်အကူတွေပေးတာ ရပ်တန်းကရပ်ဖို့ ဂျပန်ပပြည်သူတွေရဲ့ တောင်းဆိုစာကိုလည်း ဂျပန်နိုင်ငံခြားဝန်ကြီးထံ ရုံးတွင်းတာဝန်ကျအရာရှိမှတဆင့်ပေးပို့ ဆွေးနွေးခဲ့ပါသေးတယ်။

မြန်မာ့အရေးလှုပ်ရှားသူ ဦးမြင့်ဆွေကလည်း ဂျပန်အစိုးရအနေနဲ့ ပိုမိုပွင့်လင်းမြင်သာမှုတွေ မြန်မာပြည်သူတွေကိုပြသစေချင်တယ်လို့ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံကအခြေအနေတွေ တိုးတက်ကောင်းမွန်လာတာမျိုး မရှိဘူးဆိုရင် ဂျပန်ကလက်ရှိပေးနေတဲ့ ODA ကိုသာမက အကူအညီအားလုံးကို ဖြတ်တောက်ဖို့ စဉ်းစားသွာမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိ တိုရှိမိဆုက Nikkei သတင်းစာမှာ ပြောထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here