မြန်မာပြည်မှာ လိုချင်တာ ဒီလိုရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်မျိုး

149

နိုင်ငံကို ဖျက်ဆီးမယ့် လူတွေကို သတ်လို့ ထောင်ထဲမှာ နေရမယ်ဆိုလည်း ပျော်ပျော်ကြီးသာနေမယ် လို့ သမ္မတဒူတာတေး ပြောကြားခဲ့ပါတယ်။ICC မှာခုခံဖို့လည်း အဆင့်သင့်ဖြစ်နေပါပြီဖိလစ်ပိုင် အစိုးရရဲ့ ကနဦးစစ်ဆေးချက်များအ ရ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအတွင်းမှာ အမှုကျူးလွန်သော ဖိလစ်ပိုင်ရဲအရာရှိ ၁၅၄ ယောက် ပါဝင်ပတ်သတ်နေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ထိုကဲ့သို့ စုံစမ်းရရှိမှုကို ဖိလစ်ပိုင် တရားရေး ဝန်ကြီးမီနာဒိုဂွီဘာရာက ထုတ်ပြန်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ထိုကဲ့သို့သော ရှာဖွေတွေ့ရှိမှုသည် နိုင်ငံတကာ ရာဇဝတ်မှုရုံး ICC မှ သမ္မတဒူတာတေးကို အာဏာရချိန်မှစပြီး ယခုအချိန်ထိ ထောင်ပေါင်းများစွာသော မူးယစ်ဆေးဝါး ရောင်းဝယ်သူများအားသတ်ဖြတ်ခဲ့မှုကို တရားဝင် စစ်ဆေးခွင့် ခွင့်ပြုချက်ရရှိပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ဖိလစ်ပိုင်အစိုးရဟာ တရားမျှတတဲ့တရားရေးစနစ်ကို လက်ကိုင်ထားတာကြောင့် နိုင်ငံတကာ စစ်ဆေးရေးတွေနဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ နာမည်ကြီးသမ္မတဒူတာတေးကလည်း နိုင်ငံကို ဖျက်ဆီးမယ့် သူတွေကိုသတ်လို့ ထောင်ထဲမှာအကြာကြီးနေရမယ်ဆိုလည်း ပျော်ပျော်ကြီးသာ နေသွားမယ် လို့ ICC အပေါ် သူ့ရဲ့ သဘောထားကို တုန့်ပြန်လိုက်ပါတယ်။သမ္မတဒူတာတေးဟာ ၂၀၂၂ ခုနှစ်မှာ သမ္မတနေရာမှ အနားယူမှာဖြစ်တာကြောင့် အာဏာမရှိတော့ချိန်မှာ ဒူတာတေးကို တရားဝင်ကာကွယ်ပေးနိုင်မယ့်သူကို ခန့်အပ်ဖို့အတွက် နိုင်ငံရေးလေ့လာသူတွေကလည်း မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့အရေးကို ဝင်ရောက်နှောင့်ယှက်ပိုင်ခွင့် မရှိဘူးလို့ သမ္မတဒူတာတေးက ပြောကြားခဲ့ပေမယ့်လည်း ICC က သူ့ကိုတရားစွဲဖို့အတွက် စောင့်ဆိုင်းနေမယ်လို့ တနင်္လာနေ့က ဆိုခဲ့ပါတယ်။ကျွန်တော်က ခုခံဖို့ ပြင်ဆင်သွားမယ် ICC ကသာ မလိမ်ပါနဲ့ လို့ သမ္မတဒူတာတေးက ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here