မြန်မာပြည်က ဥာဏ်ပုကို သုံးမိတဲ့ တရုတ်ဟာ အကွက်ရွှေ့မှားခဲ့ပြီ

166

တရုတ်ဟာ အကွက်ရွှေ့မှားခဲ့ပြီ။

မြန်မာပြည်က ဥာဏ်ပုကို သွားသုံးမိတာ နားပါကားရော။

ဒီနေ့ US- China ထိပ်သီးဆွေးနွေးပွဲဟာ ပြေလည်မှုမရခဲ့ဘူး။

China က အရှည်ကြီး နတ်သံနှောတယ်။

US က အမေရိကန်စတိုင် ခပ်တိုတိုပဲ ပြောတယ်။

မြန်မာပြည်အရေးကိစ္စ တည့်ပြောမသွားဘူး။

မပြောဘူးဆိုတာ မြန်မာပြည်အာဏာသိမ်းမှုနောက်မှာ တရုတ်ရှိနေတယ်ဆိုတာ သိပေမယ့် သက်သေမရှိလို့ မပြောတာ။

သေချာတာတော့ ပြေလည်မှု မရဘူး။

သံခင်းတမန်ခင်း အသုံးအနှုန်းတွေမှာကိုပဲ အတော်ကို တင်းမာနေတာ တွေ့ရတယ်။

QUAD ကိစ္စ မတိုင်ခင်မှာ အမေရိကန်ဟာ ဂျပန်ကိုသွားတယ်၊ တောင်ကိုရီးယားကို သွားတယ်။

မြန်မာပြည်အရေး ဆွေးနွေးတယ်။

ပြီးတော့ QUAD Alliance စစ်ရေးလေ့ကျင့်ဖို့ အမည်တပ်ပြီး မြန်မာ့ကမ်းလွန်ကို ဦးတည်ပြီးလာနေပြီ။

QUAD အပြင် ပြင်သစ်ပါ ပါလာတယ်။

တောင်ကိုရီးယားနဲ့ ပူးပေါင်းထားတဲ့ အနေအထားလည်း ရှိတယ်။

မြောက်ကိုရီးယားက “ဟဲ့… မလာနဲ့နော်၊ မတိုးနဲ့နော်” ထလုပ်တော့ အမေရိကန်က Fight Tonight လို့ တုန့်ပြန်တယ်။

မြောက်ကိုရီးယားကလည်း သူ့စိုးရိမ်မှုနဲ့သူ ထဖြဲတာ။

တရုတ်အတွက်၊ မအလတို့အတွက် စိတ်တောင်မဝင်စားဘူး။

တရုတ်က အကြီးအကျယ် လူပေါင်းမှားတာ။

အစက တရုတ်နဲ့ အမေရိကန်က နင့်အထာနဲ့ နင်နေနော် ဆိုတာလောက်နဲ့ မျက်စောင်းတခဲခဲလုပ်နေကြရုံပဲ။

ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ကြားနေဝါဒကြောင့် အမေရိကန်လည်း အခွင့်မသာဘူး။

မအလက ဖင်ယားချလိုက်တာမှာ ကန်အနေနဲ့ ဒီမိုကရေစီအရေးဆိုတဲ့ ခေါင်းစဉ်ကောင်းရသွားသလို

တရုတ်သည်လည်း နားရွက်တံတွေးစွပ်ခံရရုံမက နားအုံပါ ကျင်းခံနေရပြီ။

အမေရိကန်ဟာ ညှိကြည့်မယ်၊ ညှိမရမှ ဘာလုပ်မယ် စဉ်းစားမယ့်ပုံစံမျိုးမဟုတ်ဘူး။

ညှိမရရင် ဘာလုပ်မယ်ဆိုတဲ့ မူဝါဒရှိသလို ဘာလုပ်မယ်ဆိုတာကိုလည်း အဆင်သင့်လုပ်လာတဲ့ အနေအထားမျိုး။

ညှိတယ်ဆိုတဲ့ပုံစံတောင် မသက်ရောက်ဘူး။ သူတို့ပြောချင်တာကို မျက်နှာချင်းဆိုင် တရားဝင်လာပြောတဲ့ အနေအထားမျိုး။

False Hope တွေတော့ မဖြစ်စေချင်ပါဘူး။

အမေရိကန်က ဘယ်နိုင်ငံကိုမှ ချစ်လှချည်ရဲ့ဆိုပြီး ငွေကုန်ကြေးကျခံ၊ သူ့နိုင်ငံသားတပ်ကို သုံးပြီး ဝင်တိုက်၊

ဒီမိုကရေစီကို လက်ထဲတန်းထည့်ပေးသွားတာမျိုး မရှိဖူးဘူး။

ကိုယ့်တိုက်ပွဲ ကိုယ်တိုက်ကြရမယ်။

မြို့ပေါ်တိုက်ပွဲတွေနဲ့ ဖယ်ဒရယ်အာမီအတွက် အသင့်ပြင်ထားကြရမယ်။

အချိန်တန်ရင် သူတို့လုပ်စရာရှိတာ ဝင်လုပ်သွားပါလိမ့်မယ်။

သေချာတာကတော့ အခု အမေရိကန်လျှောက်နေပြီဖြစ်တဲ့ လမ်းဟာ မြန်မာပြည်စစ်အာဏာသိမ်းမှု အောင်မြင်သွားရင်

QUAD ရော ပြင်သစ်ရော တောင်ကိုရီးယားတို့ရော ပူးပေါင်းတာတောင်မှ မအလတို့ကို မနိုင်ဘူးဆိုပြီး

သိက္ခာကျမယ့် လမ်းချိုးထိ လျှောက်ပြီးနေပြီ ယူဆရတယ်။

အမေရိကန်ရဲ့ ပစ်မှတ်ဟာ မအလလို ပမွှားမျိုးမဟုတ်ဘူး။ တရုတ်လို စူပါပါဝါနိုင်ငံပါ။

ဒါပေမယ့် ဒီပွဲမှာ ပမွှားကို အရင်ဆုံး အသားလေး နင်းပြသွားပါလိမ့်မယ်။

စစ်အာဏာရှင်စနစ် ကျဆုံးနေပြီ။

အရေးတော်ပုံ အောင်ရမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here