မြန်မာ့အရေး စာရေး‌ပေးပို့ခဲ့သည့် မြန်မာကလေးငယ်ထံ သမ္မတ ဂျိုးဘိုင်ဒင် ပြန်စာပေးပို့

141

မြန်မာ့နိုင်ငံအရေးနဲ့စပ်လျဉ်းပြီး စာရေးသားပေးပို့ခဲ့သော မြန်မာအမျိုးသမီး ငယ်ကျောင်းသူတစ်ဦးထံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြန်စာတစ်စောင် ပေးပို့ခဲ့တယ်လို့ မိခင်ဖြစ်သူရဲ့ပြောဆိုချက်အရ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်နေ မြန်မာအမျိုးသမီးငယ်‌ ဒေါရိယက်ဆို သူသည် မြန်မာအရေးနဲ့ပတ်သက်ပြီး စာရေးသားပေးပို့ခဲ့ပြီးနောက် အောက်တိုဘာလ ၂၀ရက်နေ့ရက်စွဲဖြင့် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ပြန်စာကို ယနေ့မှာ လက်ခံရရှိခဲ့ တာဖြစ်ပါတယ်။

“သမီးကြီး ဒေါရိယက်(Doreas)က မြန်မာပြည်သူတွေ နှိပ်စက်ခံရတဲ့ ဗီဒီယိုတွေ ဓါတ်ပုံတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့တယ်၊ သူ့ခံစားချက်တွေကို စာရေးပြီး သမ္မတ ဂျိုးဘိုင်ဒင်ကို ပို့မလို့ဆိုလို့ google ကနေ လိပ်စာရှာပြီးပြလိုက်တယ်”လို့ မိခင်ဖြစ်သူက လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဆက်လက်ပြီး ဒေါရိယက်(Doreas)ဆိုသည့် မြန်မာကျောင်းသူထံသို့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပြန်စာမှာ ယခုကဲ့သို့ သိခွင့်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ဒုသမ္မတနဲ့ ကျွန်ုပ်သည် ယခုကဲ့သို့ ကျောင်းသားများဆီက ကြားရခြင်းကို နှစ်သက်ကြောင်း ဖော်ပြထားပါတယ်။”ဒီနေ့ သမီးကြီးနာမည်နဲ့ စာရောက်တာဖွင့်လိုက်တော့ သမ္မတကြီး ဂျိုးဘိုင်ဒင်ကိုယ်တိုင် သမီးကြီးကို သူ့ဓါတ်ပုံနဲ့တကွ ပြန်စာပေးပို့လိုက်တာပါ၊ ၀မ်းသာဂုဏ်ယူပါတယ် သမီးကြီး”လို့မိခင်ဖြစ်သူက ဆိုပါတယ်။

ထို့နောက် အသက်ငယ်သော်လည်း သင့်ဆီမှာ အနာဂတ်ကို ပြောင်းလဲနိုင်ပြီး သမိုင်းတွင်နိုင်မယ့် လုပ်ဆောင်နိုင်မှုတွေ ရှိနေတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဓါတ်ပုံနဲ့တကွ ပေးပို့သည့်ပြန်စာမှာ ထည့်သွင်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here