ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အာ႐ုံတစိုက္နားေထာင္ေနခဲ့တဲ့ Lee Seung Gi ေၾကာင့္ ပရိသတ္ေတြ အခ်စ္ပိုခဲ့ရ

82

SBS ရဲ႕ နာမည္ေက်ာ္ show တစ္ခုျဖစ္တဲ့ “Master In The House” မွ ဆရာမခ်မ္းခ်မ္းကို ဖိတ္ေခၚခဲ့ၿပီး ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ အေရးကိစၥေတြအေၾကာင္းကို special episode အေနနဲ႔ တင္ျပသြားဖို႔ရွိတာကိုေတာ့ ျမန္မာပရိသတ္ေတြလည္း သိၿပီးၾကေလာက္ၿပီထင္ပါတယ္။

အခုဆိုရင္ေတာ့ ပရိသတ္တို႔ရဲ႕ အခ်စ္ေတာ္ မင္းသားေခ်ာ Lee Seung Gi ဦးေဆာင္ပါဝင္ေနတဲ့ ဒီ show ေလးရဲ႕ ျမန္မာႏိုင္ငံရဲ႕ အေရးအခင္းအေၾကာင္း ေဆြးေႏြးပြဲေလးကိုေတာ့ ႐ိုက္ကူးၿပီးစီးခဲ့ၿပီျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ႐ိုက္ကြင္းက ထြက္ရွိလာခဲ့တဲ့ ပုံရိပ္တခ်ိဳ႕ကိုလည္း Lee Seung Gi Myanmar Fans facebook page မွာ upload လုပ္ထားခဲ့ၿပီး ျမန္မာႏိုင္ငံအေၾကာင္းအား ဆရာမခ်မ္းခ်မ္းရဲ႕ ေျပာျပေနပုံေတြကို စိတ္ဝင္တစား နားေထာင္ေနခဲ့တဲ့ Lee Seung Gi ေလးတစ္ေယာက္ေၾကာင့္ ပရိသတ္ေတြက အခ်စ္ပိုေနရပါၿပီ။

ဒီလိုမ်ိဳးေတြ စိတ္ဝင္တစား နားေထာင္ေနခဲ့တဲ့ Lee Seung Gi Oppa ကေတာ့ အေရးအခင္း စျဖစ္ပြားကတည္းက ျမန္မာႏိုင္ငံရဲ႕ အေၾကာင္းေတြကို စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ခဲ့သူတစ္ဦးျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံက သူ႔ရဲ႕ fan club အတြက္သာမက ျမန္မာႏိုင္ငံသား အားလုံးအတြက္ကိုလည္း စိတ္ပူပင္ေပးခဲ့ေၾကာင္း၊ အထူးသျဖင့္ သူ႔ရဲ႕ ျမန္မာ ပရိသတ္ေတြကို အေလးထားခဲ့ပုံေလးမွာ ကိုရီယား fan club admin မွ တစ္ဆင့္ ျမန္မာျပည္အတြက္ စိတ္ပူေပးေနေၾကာင္း တစ္ဆင့္ျပန္လည္ ၾကားသိခဲ့ရေၾကာင္း အဆိုပါ fan page ေလးမွာ တင္ရွိထားခဲ့ပါတယ္။

ဒါ့ေၾကာင့္ ကိုယ္ေတြဘက္က အၿမဲတမ္း ရပ္တည္ေပးခဲ့တဲ့ ဒီမင္းသားေလးက ဆရာမခ်မ္းခ်မ္းနဲ႔ ဘယ္လိုမ်ိဳးေတြ ေဆြးေႏြးျဖစ္ခဲ့ၾကလဲ၊ ကိုယ့္ျမန္မာႏိုင္ငံရဲ႕ အေရးနဲ႔ပတ္သက္ၿပီး ဘယ္လို တုန္႔ျပန္ၿပီး ဘယ္လို comment မ်ိဳးေတြ ေပးသြားမွာလဲဆိုတာကို “Master In The House” ရဲ႕ အပိုင္း ၁၇၄ မွာ ပါဝင္လာေတာ့မွာပဲျဖစ္ၿပီး အဆိုပါ အပိုင္းသစ္ေလးကိုေတာ့ ေမလ ၃၀ ရက္ေန႔နဲ႔ ဇြန္လ ၆ ရက္ေန႔တို႔မွာ ျပသသြားမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ သတင္းေကာင္းအေနနဲ႔လည္း ျမန္မာပရိသတ္ေတြအားလုံးကို Lee Seung Gi Myanmar Fans facebook page မွ အပိုင္း ၁၇၄ ရဲ႕ still cut ေတြကို တင္ေပးသြားမွာျဖစ္ေၾကာင္း သိရၿပီး lsgmm telegram channel နဲ႔ LSG Myanmar Official Fan Club facebook group မွာလည္း တင္ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ျမန္မာအေရး သီးသန္႔ေဆြးေႏြးတာကိုေတာ့ ဆရာမခ်မ္းခ်မ္းရဲ႕ facebook page မွာ တင္ေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

Source: Lee Seung Gi Myanmar Fans

Unicode

SBS ရဲ့ နာမည်ကျော် show တစ်ခုဖြစ်တဲ့ “Master In The House” မှ ဆရာမချမ်းချမ်းကို ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရေးကိစ္စတွေအကြောင်းကို special episode အနေနဲ့ တင်ပြသွားဖို့ရှိတာကိုတော့ မြန်မာပရိသတ်တွေလည်း သိပြီးကြလောက်ပြီထင်ပါတယ်။

အခုဆိုရင်တော့ ပရိသတ်တို့ရဲ့ အချစ်တော် မင်းသားချော Lee Seung Gi ဦးဆောင်ပါဝင်နေတဲ့ ဒီ show လေးရဲ့ မြန်မာနိုင်ငံရဲ့ အရေးအခင်းအကြောင်း ဆွေးနွေးပွဲလေးကိုတော့ ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ရိုက်ကွင်းက ထွက်ရှိလာခဲ့တဲ့ ပုံရိပ်တချို့ကိုလည်း Lee Seung Gi Myanmar Fans facebook page မှာ upload လုပ်ထားခဲ့ပြီး မြန်မာနိုင်ငံအကြောင်းအား ဆရာမချမ်းချမ်းရဲ့ ပြောပြနေပုံတွေကို စိတ်ဝင်တစား နားထောင်နေခဲ့တဲ့ Lee Seung Gi လေးတစ်ယောက်ကြောင့် ပရိသတ်တွေက အချစ်ပိုနေရပါပြီ။

ဒီလိုမျိုးတွေ စိတ်ဝင်တစား နားထောင်နေခဲ့တဲ့ Lee Seung Gi Oppa ကတော့ အရေးအခင်း စဖြစ်ပွားကတည်းက မြန်မာနိုင်ငံရဲ့ အကြောင်းတွေကို စဥ်ဆက်မပြတ် စောင့်ကြည့်ခဲ့သူတစ်ဦးဖြစ်ကြောင်း၊ မြန်မာနိုင်ငံက သူ့ရဲ့ fan club အတွက်သာမက မြန်မာနိုင်ငံသား အားလုံးအတွက်ကိုလည်း စိတ်ပူပင်ပေးခဲ့ကြောင်း၊ အထူးသဖြင့် သူ့ရဲ့ မြန်မာ ပရိသတ်တွေကို အလေးထားခဲ့ပုံလေးမှာ ကိုရီယား fan club admin မှ တစ်ဆင့် မြန်မာပြည်အတွက် စိတ်ပူပေးနေကြောင်း တစ်ဆင့်ပြန်လည် ကြားသိခဲ့ရကြောင်း အဆိုပါ fan page လေးမှာ တင်ရှိထားခဲ့ပါတယ်။

ဒါ့ကြောင့် ကိုယ်တွေဘက်က အမြဲတမ်း ရပ်တည်ပေးခဲ့တဲ့ ဒီမင်းသားလေးက ဆရာမချမ်းချမ်းနဲ့ ဘယ်လိုမျိုးတွေ ဆွေးနွေးဖြစ်ခဲ့ကြလဲ၊ ကိုယ့်မြန်မာနိုင်ငံရဲ့ အရေးနဲ့ပတ်သက်ပြီး ဘယ်လို တုန့်ပြန်ပြီး ဘယ်လို comment မျိုးတွေ ပေးသွားမှာလဲဆိုတာကို “Master In The House” ရဲ့ အပိုင်း ၁၇၄ မှာ ပါဝင်လာတော့မှာပဲဖြစ်ပြီး အဆိုပါ အပိုင်းသစ်လေးကိုတော့ မေလ ၃၀ ရက်နေ့နဲ့ ဇွန်လ ၆ ရက်နေ့တို့မှာ ပြသသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် သတင်းကောင်းအနေနဲ့လည်း မြန်မာပရိသတ်တွေအားလုံးကို Lee Seung Gi Myanmar Fans facebook page မှ အပိုင်း ၁၇၄ ရဲ့ still cut တွေကို တင်ပေးသွားမှာဖြစ်ကြောင်း သိရပြီး lsgmm telegram channel နဲ့ LSG Myanmar Official Fan Club facebook group မှာလည်း တင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာအရေး သီးသန့်ဆွေးနွေးတာကိုတော့ ဆရာမချမ်းချမ်းရဲ့ facebook page မှာ တင်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

Source: Lee Seung Gi Myanmar Fans

LEAVE A REPLY

Please enter your comment!
Please enter your name here