မြန်မာငွေကျပ်သိန်း ၉၀ ခန့်နဲ့ လေလံ အောင်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား

90

တော်လှန်ရေးအတွက် လုံးဝသွေးမအေးဘဲအင်တိုက်အားတိုက်ပါဝင်အားဖြည့်နေကြတဲ့ နိုင်ငံတကာရောက်မြန်မာများရဲ့ အပတ်စဉ် ရံပုံငွေရှာ​ဖွေ​ရေးအတွက် ​ဈေးရောင်းချပွဲကို အောက်တိုဘာလ (၂)ရက်ကဗျာ၊ ဂီတ၊ ရိုးရာတိုင်းရင်းသားဂီတ၊ အကများနဲ့ မြန်မာ့အစားအစာအစုံအလင်ပါဝင်သော “ကြယ်စင်များရဲ့အလင်းကောင်းကင်” လို့အမည်ပေးထားတဲ့ရံပုံငွေရှာဖွေပွဲကြီးကို လန်ဒန်အနောက်ပိုင် Feltham မြို့မှာ ကျင်းပခဲ့ကြပါတယ်။

ကြယ်စင်များရဲ့အလင်းကောင်းကင်ပွဲမှာ လန်ဒန်နိုင်ငံကတော်လှန်ရေးမှာ တတပ်တအားပါဝင်ကြတယ့် မိသားစုတွေ အပန်းပြေစေဖို့ Live Music & Karaoke အစီအစဉ်၊ အစားသောက်မျိုးစုံရောင်းချမယ့်အစီအစဉ်၊ကံစမ်းမဲလက်မှတ်ဝယ်ယူပြီး အမှတ်တရပစ္စည်းလေးတွေရမယ့် အစီအစဉ်တွေအပြင် သားသားမီးမီးလေးတွေ ပါဝင်ကစားနိုင်မယ့် ပျော်ပွဲရွှင်ပွဲအစီအစဉ်တွေပါ ပါဝင်ပါတယ်။

ရန်ပုံငွေပွဲမှာ အင်္ဂလိပ် နာမည်ကြီးပန်းချီဆရာ ကား ကို စတာလင်ပေါင် ၂၇၀၀၊ မြန်မာငွေ ကျပ်Mark Howardရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီသိန်း ၉၀ခန့်နဲ့ လေလံအောင်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီပ7န်းချီကားကို မြန်မာတစ်ဦးက အမြင့်ဆုံးဈေးနဲ့ လေလံဆွဲပြီး၊ ဝယ်ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။လန်ဒန်မှာ ရောက်ရှိနေတဲ့ Miss Myanmar Universeသူဇာဝင့်လွင်နဲ့ Model မေမြတ်နိုး လဲ ကြယ်စင်များရဲ့အလင်းကောင်းကင် Fund raising ပွဲကို လာရောက်ပြီး ပါဝင်ကူညီအားဖြည့်ခဲ့ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here