မြန်မာပိုင်ကိုကိုးကျွန်းအနီးရှိ အက်ဒမင် ကျွန်းနှင့်အက်ဒမင်ပင်လယ်တွင် Quad အဖွဲ့စစ်ရေးလေ့ကျင့်မည်

1062

မြန်မာပိုင်ကိုကိုးကျွန်းအနီးရှိ အက်ဒမင် ကျွန်းနှင့်အက်ဒမင်ပင်လယ်တွင် Quad အဖွဲ့စစ်ရေးလေ့ကျင့်မည် ။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်နဲ့ ဆက်စပ်လျက်ရှိပြီးမြန်မာပိုင် ကိုကိုးကျွန်းနဲ့ မဝေးတဲ့ အိန္ဒိယပိုင် အက်ဒမင်ကျွန်းနဲ့ အက်ဒမင်ပင်လယ်တွင် အမေရိကန်ရေတပ် လေယာဉ်တင်သဘော် USS ရုစဗဲ့သီအိုဒေါ ဦးဆောင်တဲ့ Quad မဟာမိတ်အဖွဲ့ဝင်လေးနိုင်ငံနဲ့အတူ ပြင်သစ်ရေတပ်ပါ ပါဝင်၍ ရေတပ်စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မယ်လို့ အိန္ဒိယစစ်ဘက်ဆိုင်ရာက ယနေ့မှာပဲ ကြေငြာချက်ထုတ်ပြန်ပါတယ် ။

စစ်ရေးလေ့ကျင့်မှုတွင် အမြောက်ပစ်ခတ်ခြင်းဒုံးပစ်ခတ်ခြင်းများပါဝင်တာကြောင့်အက်ဒမင်ကျွန်းဧရိယာကိုလဲ ကန့်သတ်ဧရိယာအဖြစ်သတ်မှတ်ပြီး အရပ်ဖက် သဘော်များ ငါးဖမ်းသဘော်များဝင်ရောက်ခြင်းမပြုဖို့ သတိပေးထားပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ လာမယ့် ရက်သတ္တပတ်အတွင်းပြုလုပ်မှာဖြစ်ပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မယ့်
အမေရိကန်လေယာဉ်တင်သဘော် USS Theodore Roosevel ဟာ မလက္ကာရေလက်ကြားကိုဖြတ်ကျော်လာပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here