ပြည်သူ့တပ်ဖွဲ့ ဖွဲ့မည်ဆိုလျှင် စစ်မှုထမ်းမည်ဟု အဆိုတော် Rဇာနည် ကတိပြု

359

ပြည်သူ့တပ်ဖွဲ့ ဖွဲ့မည်ဆိုလျှင် စစ်မှုထမ်းမည်ဟု အဆိုတော် အာဇာနည် ကတိပြု

ဧရာဝတီ၊ မတ် ၃၊ ၂၀၂၁

ဆန္ဒပြလူထုအား ပစ်ခတ်သတ်ဖြတ်နေသည့် စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှ ပြည်သူ့တပ်ဖွဲ့ ဖွဲ့မည်ဆိုပါက စစ်မှုထမ်းပါမည်ဟု အဆိုတော် အာဇာနည်က ကတိပြု ပြောဆိုလိုက်သည်။

အဆိုတော်အာဇာနည်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားကာ ကတိပြုလိုက်ခြင်း ဖြစ်သည်။

အာဇာနည်က “ကျနော် အာဇာနည်သည် လိုအပ်ပါက စစ်မှုထမ်းပါမည်။ အစိုးရဖွဲ့ရန် တပ်ရှိဖို့ လိုပါတယ်။ လိုအပ်ပါက CRPH က ဦးဆောင်ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှုထမ်းပါမည်ဟုကတိပြုပါတယ်”ဟု ရေးသားထားသည်။

လူမှုကွန်ရက်စာမျက်နှာတွင် CRPH က ပြည်သူ့တပ်ဖွဲ့ ဖွဲ့ပါက စစ်မှုထမ်းမည်ဟုပြောဆို ရေးသားနေသည်မှာ အာဇာနည် တဦးတည်း မဟုတ်ပဲ မြန်မာနိုင်ငံသား ၁၂၀၀၀ ကျော်က ကတိပြု ရေးသားနေသည်ကိုတွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here