ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့် အထိမ်းအမှတ် ချီတက်ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့က သပိတ်စစ်ကြောင်း

92

စက်တင်ဘာ ၂၅၊ ၂၀၂၁ “ရွှေဝါရောင်စိတ်ဓာတ် ပဲ့တင်ထပ်၊ ရွှေဝါရောင်စိတ်ဓာတ်ကိုင်ဆွဲပြီး အဆုံးသတ်တိုက်ပွဲဝင်ကြ၊ ရွှေဝါရောင်စိတ်ဓာတ် လက်ဆင့်ကမ်းပြီး ၂၁ နွေဦးတော်လှန်ရေး အောင်မြင်ခြင်းသို့ ရှေ့ဆက်ကြ” စသည့် ကြွေးကြော်သံများဖြင့် ရွှေဝါရောင်တော်လှန်ရေးနေ့ ၁၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ သံဃသမဂ္ဂမှ ဦးဆောင်၍ ၇၃ မိန်းလမ်းမကြီးပေါ်ထိ ချီတက်ဆန္ဒပြခဲ့ကြသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဒီမိုကရေစီရေးအတွက် သံဃာတော်များ မေတ္တာပို့သ စုပေါင်းလမ်းလျှောက် ဆန္ဒပြခဲ့သည့် သံဃာ့လှုပ်ရှားမှုကြီးနှင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်ခဲ့သည်မှာ ယခုဆိုလျှင် ၁၄ နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

သံဃာတော်များ ဦးဆောင် ဆင်နွှဲခဲ့ကြသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး “ရွှေဝါရောင်တော်လှန်ရေး (Saffron Revolution)” ပြည်သူ့အရေးတော်ပုံကြီးသည် ကမ္ဘာသိ၊ မြန်မာသိ ထင်ရှားကျော်ကြားခဲ့သော လှုပ်ရှားမှုကြီးတခုလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here