ရွှေနန်းတော်ရဲ့ ယုတ်မာမှုတွေကို အားလုံးသိအောင် အကုန် ဖွင့်ချလိုက်တဲ့ ဝန်ထမ်းတစ်ဦး

220

Boycott Shwe Nan Daw gem &Jewellery ကျမ ရွှေနန်းတော်ကဝန်ထမ်းပါ

ရွှေနန်းတော်ရဲ့ ယုတ်မာမှုကိုပြောပြချင်လို့ပါ သူတို့က လူမြင်ကောင်းအောင် ဆိုင်ပိတ်ပီးတော့ ဝန်ထမ်းတွေကို အာဏာသိမ်းပီး ဆင်းခဲ့တဲ့ ၅ ရက်စာဘဲပေးမယ် ပြောပါတယ်

အခု ၃လပိုင်း ၉ရက်နေ့ဖြစ်တဲ့အထိ အဲ5 ရက်စာ မပေးနိုင်သေးပါဘူး

အရောင်းဝန်ထမ်း 100 မှာ 80 က လစာတစ်ယောက်ကို 120000 ကို 5 ရက်စာနဲ့ အဆောင်နေတဲ့သူတွေ မိသားစုကိုထောက်ပံ့နေသူတွေ ဘယ်လိုရပ်တည်မလဲ

ဝန်ထမ်းတွေကိုစီးပွားရေးဆန်ဆန် အမြတ်ထုတ်တာကို လုံးဝလက်မခံနိုင်ပါ

အခုဆို ဝန်ထမ်းတွေက ဆက်လုပ်ဖို့လဲအဆင်မပြေ အလုပ်သစ်ရှာဖို့လဲ အခက်တွေ့ နေကြပါတယ်

COVID တုန်းကလဲ ဝန်ထမ်းတစ်ယောက်ကို လဝက်ဘဲ့ ဆင်းခိုင်းတယ်

လစာ တဝက်ဘဲ့ပေးတယ် COVID ဖြစ်လာရင်လဲ ဝန်ထမ်းတစ်ယောက်ကို ထောက်ပံ့ကြေး 2သောင်း ပေးမယ်လို့ကြေညာပါတယ်(ရှက်လို့သူများတောင်ပြောမပြရဲဘူး)

နှစ်ရှည်လများတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို COVID ဖြစ်ရင် 2သောင်းတဲ့ စဉ်းစားကြည့် စိတ်ဓာတ်တွေ ရုံးထဲမှာ COVID Positive နှစ်ယောက်တွေ့ပါတယ်

ကိုဗစ်တွေ့တဲ့သူတွေကို ရိုးရိုးနေမကောင်းလို့ ခွင့်ယူထားသလိုနဲ့ ဝန်ထမ်းတွေကိုကျတော့ လိမ်ပီးရုံးတက်ခိုင်းတယ်

နောက်မှ COVID တွေ့လို့ ရုံးမလာတာ သိရပါတယ် ဝန်ထမ်းမိသားစု ဝန်ထမ်းရဲ့ကျန်းမာရေးကို လစ်လျှူရှုပီး ဘယ်လောက်တစ်ကိုယ်ကောင်းဆန်တဲ့စိတ်လဲ (ရွံမိတယ် )

ရှင်တို့အရမ်းတရားလွန်နေပီ နောက်ပိုင်း ည၇နာရီ 8 နာရီထိ အလုပ်ဆင်းကြရတယ် အဲဒါ တောင် OT ကြေးမပေးနိုင်ဘူးတဲ့

မနက်က ညမိုးချုပ်တဲ့ထိ မငြီးမငြူလုပ်ပေးတဲ့ဝန်ထမ်းတွေရှင်တို့ရှာကြည့်ပါ

ပေးတဲ့ပိုက်ဆံနဲ့ ခိုင်းတာနဲ့ မတန်တာ ကိုယ့်ဘာသာသိ ဝန်ထမ်းတွေရှင်တို့ဖြတ်သမျှဟာတွေလဲ အကုန်မငြိးမငြူလက်ခံခဲ့ပေးကြတာပဲ့

တစ်နှစ်ကုန်ခါနီး ၁၂လပိုင်းဆို ရှင်တို့လစာ တိုးမပေးချင်လို့ စီးပွားရေးအဆင်မပြေပါဘူး

နိုင်ငံရေးအခြေအနေ အကြောင်းပြပီး ဘယ်နှနှစ်ရှိနေပီလဲ 4 နှစ်လား 5 နှစ်လား ဘယ်အချိန်ဝန်ထမ်းတွေကြည့်မှာလဲ

အစကမရေးဘူးဘဲ့ ဝန်ထမ်းတွေထဲ လုပ်သက် 10 နှစ်ကျော်ပီ လစာ 2သိန်းမကျော်သေးဘူး

ဘယ်လောက် ယုတ်မာလဲ ငါ့ဝန်ထမ်း သူပေးဆပ်ခဲ့တဲ့ အချိန်နဲ့ ငါပေးတဲ့လစာနဲ့ တန်ရဲ့လားလို့ တစ်ချက်မတွေးဘူး

နင်တို့စောက်ရမ်းမိုက်ရိုင်းလွန်းတယ် ဒီလောက်ယုတ်မာတဲ့ဆိုင် စေတနာ လုံးဝမပါတဲ့ဆိုင်မှာ ရှင်တို့ Promotion ချပါတယ် ဆိုပီး

ဝယ်အုံးမှာလား (50% 40% ကဇွန်းရွက်သည်တောင်အဲလောက်မချနိုင်ဘူး ) ရှင်တို့ တစ်ရွေးသာသာတောင်မပါတဲ့ (တစ်သောင်းတောင်မပြည့်တဲ့)ရွှေကလစ်ပေးပါတယ်ဆိုပီး ဂျင်းထည့်နေတာ ဝယ်အုံးမှာလား

အမှတ်ရှိရှိ Boycott လုပ်ကြပါ ကိုယ်နဲ့မတန် မဲတပြားမှမရဘဲ နေရာဝင်ယူချင်တဲ့

သွက်သွက်ခံ အာဏာရူးမိသားစုကို ထိထိရောက်ရောက် SP လုပ်ကြ ပါ Social punishment ထိထိရောက်ရောက်လုပ်ကြပါ

ရွှေနန်းတော် Page ကိုရော Report ထုခဲ့ပါအုံး ဆိုပြီး ဖွင့်ချ လိုက်တာပဲ ဖြစ်ပါတယ်။

အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here