ေ႐ႊဆံပင္ေက်ာင္းမွ ကိုဗစ္လူနာအားလုံး ဘယ္ေဆး႐ုံမွမသြားပဲ ေနေကာင္းက်န္းမာသြားတဲ့ အေၾကာင္းရင္း

558

ေ႐ႊဆံပင္ေက်ာင္းမွ ကိုဗစ္လူနာအားလုံးေနေကာင္းက်န္းမာသြားၾကၿပီလို႔ သိရပါတယ္။ကိုဗစ္လူနာ ၃၈ဦးလုံး ဘယ္ေဆး႐ုံမွမသြားပဲဆရာဝန္မ်ား အေတြ႕ ‌ႀကဳံရွိသူမ်ား၏ အႀကံေပးမႈကိုအေျခခံၿပီဆရာေတာ္နဲ႔ ေဝယ်ာဝစၥအဖြဲ႕၏ အနီးကပ္ၾကည့္ၾကပ္ေစာင့္ေရွာက္မႈေ႐ႊဆံပင္ ဒကာဒကာမမ်ား၏ ဝိုင္းဝန္းပံ့ပိုးမႈ တို႔ေၾကာင့္ အားလုံးအဆင္ေျပခဲ့တာပါ။

ကိုဗစ္တိုက္ပြဲ အေတြ႕ႀကဳံေလးကို စိတ္ဝင္စားသူမ်ားအတြက္ ျပန္လည္မွ်ေဝေပးထားတာကို ေဖာ္ျပေပးလိုက္ရပါတယ္။ကိုဗစ္ စေတြ႕ၿပီဆိုတာနဲ႔ ပိုးေတြ႕သူသံသယရွိသူ ေနေကာင္းသူမ်ားကို သုံးအုပ္စုခြဲလိုက္ၿပီးေက်ာင္းေဆာင္ ၁၀ ေဆာင္ေလာက္မွ ာခပ္က်ဲက်ဲေနေစၿပီး ကုဋီေတြကစ ခြဲႏိုင္သမွ် ခြဲၿပီးေနထိုင္လိုက္ၾကပါတယ္။

Maskတပ္ျခင္း လက္ေဆးျခင္းမ်ားေတာက္ေလ်ာက္လုပ္ခိုင္းပါတယ္။ကိုဗစ္ ေတြ႕ၿပီလို႔ၾကားတာနဲ႔ ရန္ကုန္က ေဆြေတာ္မ်ိဳးေတာ္မ်ားက လိုေလးေသးမရွိ ပို႔လႉေပးၾကေသာ ေဆးဝါးမ်ား ေရာက္ရွိလာၿပီးပိုးေတြ႕သူမ်ားကိုVITAMIN C 500ႏွစ္ျပားႏွင့္ အားေဆး တလုံးက်န္သူမ်ားကို အားေဆးႏွင့္ V C500တျပား ‌ေကြၽးေပးလိုက္ပါတယ္။

ႏွာေစး ေခ်ာင္းဆိုးဖ်ားလ်င္ LOCKOႏွစ္ႀကိမ္ကိုက္ခဲလ်င္paragesic ေလးနာရီျခားတိုက္ေပးခဲ့ပါတယ္။လည္ေခ်ာင္းနာရင္ZINCငုံခိုင္း ထားလိုက္ပါတယ္။ႏွာေစးေခ်ာင္းဆိုး ႏွစ္ေယာက္ေလာက္နဲ႔လည္ေခ်ာင္းနာကိုက္ခဲ သုံးေယာက္ေလာက္ပဲ ျဖစ္ၿပီးသုံးရက္အတြင္း အား‌လုံးေပ်ာက္ခဲ့ပါတယ္။

ျဖစ္တဲ့ေန႔ကစၿပီး ကြမ္း႐ြက္ေရွာက္႐ြက္ဂ်င္းထန္းလ်က္ႀကိဳၿပီးကိုဗစ္ရွိသူေတြ ဓာတ္ဗူးတလုံးစီက်န္သူေတြမတ္ခြက္တလုံးစီ ေသာက္ခိုင္းၿပီးနာနတ္သီးသရက္သီးနဲ႔ ေရွာက္သီးသုပ္ တလွည့္စီေကြၽးၿပီး နာနတ္သီး အမ်ားဆုံးေကြၽးျဖစ္တေက်ာင္းလုံး ၾကက္ဥျပဳတ္ႏွစ္လုံးစီနဲ႔ ႏြားႏို႔သို႔မဟုတ္ ေကြကာအုပ္နဲ႔ ဓာတ္ဆားမ်ားတိုက္ပါတယ္။

ထမင္းစား ပ်က္တဲ့သူလည္း တစ္ေယာက္မွ် မရွိပါ။ၾကက္သြန္နီ စားျဖစ္ေအာင္ထမင္းစားတဲ့ ေနရာအနီးေတြမွာ ေတာင္းလိုက္ခ်ေပးထားပါတယ္။လင္းလြန္းတစ္ေထာင္ ဆရာေတာ္ႀကီးရဲ႕သစၥာေမတၱာ ကိုဗစ္ကာကြယ္ေဆးမ်ားလည္း တိုက္ေပးထားပါတယ္။

ေက်ာင္းစည္းကမ္းအရ ဖုန္းကိုင္ခြင့္မရွိေပမယ့္ ဒီရက္ပိုင္း ဖုန္းကိုင္ခြင့္ေပးထားၿပီးအိမ္နဲ႔လည္းေျပာခိုင္း ဆရာေတာ္ကိုယ္တိုင္လည္း ဖုန္းဆက္ၿပီး ကိုဗစ္က ေၾကာက္စရာမဟုတ္ေၾကာင္းခဏနဲ႔ေပ်ာက္မယ့္အေၾကာင္း စားခ်င္တာလိုအပ္တာ ေျပာခိုင္းၿပီး တေယာက္ခ်င္းစီဖုန္းနဲ႔စကားလိုက္ေျပာကာ စာၾကည့္တိုက္က ဖတ္ခ်င္တဲ့စာအုပ္ေတြ ထုတ္ေပးထားၿပီးပန္းခ်ီဆြဲဖို႔လည္း စီစဥ္ေပးပါတယ္။

အားကစား လႈပ္ရွားမႈလုပ္ရန္ ၾကက္ေတာင္နဲ႔ ျခင္းလုံးမ်ား ေပးထားလိုက္ပါတယ္။သင္ေပးထားတဲ့ အကမ်ားလည္း အဆင္ေျပသလိုကခိုင္းထားပါတယ္။ဖုန္းေလးေျပာလိုက္ တခုၿပီးတခုစားလိုက္ ကစားလိုက္ဘုရားရွိခိုး ပရိတ္႐ြတ္လိုက္ အိပ္လိုက္နဲ႔ ပ်င္းခ်ိန္စိတ္ညစ္ခ်ိန္ေတာင္ မရွိေတာ့ပါဘူး။အိပ္ခ်ိန္မအိတ္ဘဲ ဖုန္းသုံးရင္ဖုန္းသိမ္းမွာ ေျပာထားတာအမ်ားစုက ဗုဒၶဘာသာေတြမို႔ ဘာသာတရားကလည္း မလုပ္လို႔မရပါဘူး။

မနက္ ၈နာရီမွ ၉နာရီထိ ေန႔လည္ ၃နာရီမွ ၄နာရီထည၈နာရီမွ ၉နာရီထိ ကိုယ့္ေနရာကနဲ႔ကိုယ္ဘုရားရွိခိုးၿပီး ရတနသုတ္ ေမတၱသုတ္ ေဗာဇၩင္သုတ္ တစ္ႀကိမ္ကို သုံးေခါက္စီ ၄၅မိနစ္႐ြတ္ၿပီး၁၅မိနစ္ အာနာပါန ဝင္ေလထြက္ေလလုပ္ၿပီး ကုသိုလ္လည္းရ အဆုတ္ေလ့က်င့္ခန္းလည္းျပဳၿပီးသားရေအာင္ ေန႔စဥ္လုပ္ႏိုင္ခဲ့ပါတယ္။တပတ္ေလာက္ကတည္းက အနံ႔ေပ်ာက္သူေတြျပန္ရလာကာ အားလုံးေကာင္းေနၿပီး ႏွစ္ပတ္ျပည့္ေနၿပီမို႔ စိတ္ခ်လက္ခ် ေကာင္းေနၾကပါၿပီ။

ဖ်ားနာတဲ့ အဆင့္လည္းမေရာက္ၾကဘဲ အသက္ရႉၾကပ္တဲ့အဆင့္လည္း ဘယ္သူမွမျဖစ္လို႔ကိုဗစ္ကလည္း ဘာမွဟုတ္ပါဘူးလို႔ ေျပာေနၿပီး ခပ္ေပါ့ေပါ့လုပ္ေနၾကလြန္းလို႔ သူတို႔ေၾကာက္ေအာင္ေျခာက္လိုက္ ေငါက္လိုက္ျပန္လုပ္ေပးေနရပါတယ္။

ေနာက္တပတ္အထိေတာ့ ဒီအတိုင္းဆက္ေနသြားပါဦးမယ္။အခုဆိုရင္ ကိုယ့္ေက်ာင္းမွာ ကိုဗစ္ကင္းစင္စိတ္ခ်ရၿပီးအျပင္မွာ စိတ္မခ်ရလို႔ ေလာ့ေဒါင္းခ်ထားၿပီးအျပင္က ရိကၡာပစၥည္းမ်ားသြင္းရင္ေတာင္ေဆးျဖန္းၿပီးမွ အသြင္းခံပါတယ္။တျခားသူေတြကို ျပန္လည္ကူညီေပးဖို႔လည္း ျပင္ေနပါၿပီ။

unicode

ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီလို့ သိရပါတယ်။ကိုဗစ်လူနာ ၃၈ဦးလုံး ဘယ်ဆေးရုံမှမသွားပဲဆရာဝန်များ အတွေ့ ‌ကြုံရှိသူများ၏ အကြံပေးမှုကိုအခြေခံပြီဆရာတော်နဲ့ ဝေယျာဝစ္စအဖွဲ့၏ အနီးကပ်ကြည့်ကြပ်စောင့်ရှောက်မှုရွှေဆံပင် ဒကာဒကာမများ၏ ဝိုင်းဝန်းပံ့ပိုးမှု တို့ကြောင့် အားလုံးအဆင်ပြေခဲ့တာပါ။

ကိုဗစ်တိုက်ပွဲ အတွေ့ကြုံလေးကို စိတ်ဝင်စားသူများအတွက် ပြန်လည်မျှဝေပေးထားတာကို ဖော်ပြပေးလိုက်ရပါတယ်။ကိုဗစ် စတွေ့ပြီဆိုတာနဲ့ ပိုးတွေ့သူသံသယရှိသူ နေကောင်းသူများကို သုံးအုပ်စုခွဲလိုက်ပြီးကျောင်းဆောင် ၁၀ ဆောင်လောက်မှ ာခပ်ကျဲကျဲနေစေပြီး ကုဋီတွေကစ ခွဲနိုင်သမျှ ခွဲပြီးနေထိုင်လိုက်ကြပါတယ်။

Maskတပ်ခြင်း လက်ဆေးခြင်းများတောက်လျောက်လုပ်ခိုင်းပါတယ်။ကိုဗစ် တွေ့ပြီလို့ကြားတာနဲ့ ရန်ကုန်က ဆွေတော်မျိုးတော်များက လိုလေးသေးမရှိ ပို့လှူပေးကြသော ဆေးဝါးများ ရောက်ရှိလာပြီးပိုးတွေ့သူများကိုVITAMIN C 500နှစ်ပြားနှင့် အားဆေး တလုံးကျန်သူများကို အားဆေးနှင့် V C500တပြား ‌ကျွေးပေးလိုက်ပါတယ်။

နှာစေး ချောင်းဆိုးဖျားလျင် LOCKOနှစ်ကြိမ်ကိုက်ခဲလျင်paragesic လေးနာရီခြားတိုက်ပေးခဲ့ပါတယ်။လည်ချောင်းနာရင်ZINCငုံခိုင်း ထားလိုက်ပါတယ်။နှာစေးချောင်းဆိုး နှစ်ယောက်လောက်နဲ့လည်ချောင်းနာကိုက်ခဲ သုံးယောက်လောက်ပဲ ဖြစ်ပြီးသုံးရက်အတွင်း အား‌လုံးပျောက်ခဲ့ပါတယ်။

ဖြစ်တဲ့နေ့ကစပြီး ကွမ်းရွက်ရှောက်ရွက်ဂျင်းထန်းလျက်ကြိုပြီးကိုဗစ်ရှိသူတွေ ဓာတ်ဗူးတလုံးစီကျန်သူတွေမတ်ခွက်တလုံးစီ သောက်ခိုင်းပြီးနာနတ်သီးသရက်သီးနဲ့ ရှောက်သီးသုပ် တလှည့်စီကျွေးပြီး နာနတ်သီး အများဆုံးကျွေးဖြစ်တကျောင်းလုံး ကြက်ဥပြုတ်နှစ်လုံးစီနဲ့ နွားနို့သို့မဟုတ် ကွေကာအုပ်နဲ့ ဓာတ်ဆားများတိုက်ပါတယ်။

ထမင်းစား ပျက်တဲ့သူလည်း တစ်ယောက်မျှ မရှိပါ။ကြက်သွန်နီ စားဖြစ်အောင်ထမင်းစားတဲ့ နေရာအနီးတွေမှာ တောင်းလိုက်ချပေးထားပါတယ်။လင်းလွန်းတစ်ထောင် ဆရာတော်ကြီးရဲ့သစ္စာမေတ္တာ ကိုဗစ်ကာကွယ်ဆေးများလည်း တိုက်ပေးထားပါတယ်။

ကျောင်းစည်းကမ်းအရ ဖုန်းကိုင်ခွင့်မရှိပေမယ့် ဒီရက်ပိုင်း ဖုန်းကိုင်ခွင့်ပေးထားပြီးအိမ်နဲ့လည်းပြောခိုင်း ဆရာတော်ကိုယ်တိုင်လည်း ဖုန်းဆက်ပြီး ကိုဗစ်က ကြောက်စရာမဟုတ်ကြောင်းခဏနဲ့ပျောက်မယ့်အကြောင်း စားချင်တာလိုအပ်တာ ပြောခိုင်းပြီး တယောက်ချင်းစီဖုန်းနဲ့စကားလိုက်ပြောကာ စာကြည့်တိုက်က ဖတ်ချင်တဲ့စာအုပ်တွေ ထုတ်ပေးထားပြီးပန်းချီဆွဲဖို့လည်း စီစဉ်ပေးပါတယ်။

အားကစား လှုပ်ရှားမှုလုပ်ရန် ကြက်တောင်နဲ့ ခြင်းလုံးများ ပေးထားလိုက်ပါတယ်။သင်ပေးထားတဲ့ အကများလည်း အဆင်ပြေသလိုကခိုင်းထားပါတယ်။ဖုန်းလေးပြောလိုက် တခုပြီးတခုစားလိုက် ကစားလိုက်ဘုရားရှိခိုး ပရိတ်ရွတ်လိုက် အိပ်လိုက်နဲ့ ပျင်းချိန်စိတ်ညစ်ချိန်တောင် မရှိတော့ပါဘူး။အိပ်ချိန်မအိတ်ဘဲ ဖုန်းသုံးရင်ဖုန်းသိမ်းမှာ ပြောထားတာအများစုက ဗုဒ္ဓဘာသာတွေမို့ ဘာသာတရားကလည်း မလုပ်လို့မရပါဘူး။မနက် ၈နာရီမှ ၉နာရီထိ နေ့လည် ၃နာရီမှ ၄နာရီထည၈နာရီမှ ၉နာရီထိ ကိုယ့်နေရာကနဲ့ကိုယ်ဘုရားရှိခိုးပြီး ရတနသုတ် မေတ္တသုတ် ဗောဇ္ဈင်သုတ် တစ်ကြိမ်ကို သုံးခေါက်စီ ၄၅မိနစ်ရွတ်ပြီး၁၅မိနစ် အာနာပါန ဝင်လေထွက်လေလုပ်ပြီး ကုသိုလ်လည်းရ အဆုတ်လေ့ကျင့်ခန်းလည်းပြုပြီးသားရအောင် နေ့စဉ်လုပ်နိုင်ခဲ့ပါတယ်။တပတ်လောက်ကတည်းက အနံ့ပျောက်သူတွေပြန်ရလာကာ အားလုံးကောင်းနေပြီး နှစ်ပတ်ပြည့်နေပြီမို့ စိတ်ချလက်ချ ကောင်းနေကြပါပြီ။

ဖျားနာတဲ့ အဆင့်လည်းမရောက်ကြဘဲ အသက်ရှူကြပ်တဲ့အဆင့်လည်း ဘယ်သူမှမဖြစ်လို့ကိုဗစ်ကလည်း ဘာမှဟုတ်ပါဘူးလို့ ပြောနေပြီး ခပ်ပေါ့ပေါ့လုပ်နေကြလွန်းလို့ သူတို့ကြောက်အောင်ခြောက်လိုက် ငေါက်လိုက်ပြန်လုပ်ပေးနေရပါတယ်။

နောက်တပတ်အထိတော့ ဒီအတိုင်းဆက်နေသွားပါဦးမယ်။အခုဆိုရင် ကိုယ့်ကျောင်းမှာ ကိုဗစ်ကင်းစင်စိတ်ချရပြီးအပြင်မှာ စိတ်မချရလို့ လော့ဒေါင်းချထားပြီးအပြင်က ရိက္ခာပစ္စည်းများသွင်းရင်တောင်ဆေးဖြန်းပြီးမှ အသွင်းခံပါတယ်။တခြားသူတွေကို ပြန်လည်ကူညီပေးဖို့လည်း ပြင်နေပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here