မြေဖြူကိုင်ရမယ့်အစား လက်နက်ကိုင် နေတဲ့ လေးစားရသော ဆရာမလေး

152

မြေဖြူကိုင်ရမယ့်အစား လက်နက်ကိုင်နေတဲ့လေးစားရသောဆရာမလေးများ သို့ လစာတွေလအကုန်မှာရောက်မလာတော့အလှကမ္ဘာကယူနီဖောင်းလေးဟာခဏတာတော့ဂျူတီပြောင်းရတာပေါ့ ။တချို့ငွေသော်တာလေးတွေကအိမ်မှာသာပြီးတချို့ဥယျာဉ်မှူးလေးတွေကခြံထဲဆင်းတယ်မြေဖြူကိုင်တဲ့လက်လေးတချို့ကဈေးရောင်းပြီးကျောင်းမသွားဖြစ်တဲ့စလစ်ပါအပါးလေးတချို့ကမီးဖိုချောင်ထဲဝင်ကြတယ် ။

ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာ နောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ ။လောကဓံကို ကြံ့ကြံ့ခံရင်းရောဂါဒဏ်ကို ကြံ့ကြံ့ခံရင်း ပိုကြံ့ခိုင်ဖို့ကြိုးစားနေတဲ့ကာယသင်ခန်းစာထဲကကြံ့ခိုင်ရေးနည်းပြလေးပါ ။

ကိုယ့်စိတ်နဲ့ကိုယ်ပိတ်ထားတဲ့ကျောင်းလေးပြန်ဖွင့်မှ ဆရာမလေးဟာဆရာမလေးနဲ့ ပြန်တူမယ် တဲ့ ။

LEAVE A REPLY

Please enter your comment!
Please enter your name here