မြေအောက် မြို့ပတ်ရထားလမ်း တည်ဆောက်နိုင်ရေး ကြိုတင်ဆောင်ရွက်ကြဖို့ စစ်ကောင်စီဥက္ကဌ တိုက်တွန်း

88

မြေအောက် မြို့ပတ်ရထားလမ်း တည်ဆောက်နိုင်ရေးအထိ ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ကြဖို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားပါတယ်။

(နိုဝင်ဘာ ၃ရက်)က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အများပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် Public Transportation လုပ်ငန်းများဆောင်ရွက်ရာမှာ မြို့ပတ်ရထားလမ်း တည်ဆောက်ရေးနဲ့ နောင်တစ်ချိန်မှာ မြေအောက် မြို့ပတ်ရထားလမ်း တည်ဆောက်နိုင်ရေးအထိ ကြိုတင်မျှော်တွေး စီမံဆောင်ရွက် ထားဖို့လိုပါတယ်၊၊” လို့ ၎င်းကပြောပါတယ်။

Public Transportation လုပ်ငန်းများကို ဆောင်ရွက်နိုင်မယ်ဆိုပါက ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်များ သုံးစွဲမှုလျှော့ချနိုင်မှာ ဖြစ်တာကြောင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်မျိုးစုံ တစ်သန်းခန့်နဲ့ မော်တော်ဆိုင်ကယ် ခြောက်သန်းခန့်ရှိတယ်။ တစ်ရက်ကိုကားတစ်စီး ဆီတစ်ပုလင်း၊ မော်တော်ဆိုင် ကယ်တစ်စီး နို့ဆီဘူးတစ်ဘူးခန့် သုံးပါက နေ့စဉ် ဆီမည်မျှကုန်ကျနေမယ်ဆိုတာကို တွက်နိုင်တယ်။ နိုင်ငံခြားငွေကြေး များစွာအသုံးပြုနေရတာကြောင့် သွားလာပို့ဆောင်ရေးမှာ ဆီသုံးစွဲမှုလျှော့ချဖို့ ကြိုးစားရမှာ ဖြစ်တယ်၊၊” လို့ ၎င်းက ပြောပါတယ်။ယင်းကြောင့် မန္တလေးမြို့အတွင်း ဘတ်စ်ကားလိုင်းများ၊ မြို့ပတ်ရထားများ ပြေးဆွဲနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here