ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားများ မဖြန့်ဝေရန် မိသားစုမေတ္တာရပ်ခံ

111

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) ဖြင့် အကျဉ်းထောင်တွင်းရောက်ရှိနေတဲ့ သရုပ်ဆောင်ပြေတီဦး ၊ အိန္ဒြာကျော်ဇင်တို့နဲ့ ပတ်သက်တဲ့ သတင်းအမှားများကို မဖြန့်ဝေရန် မိသားစုဝင်များက မေတ္တာရပ်ခံထားပါတယ်။

မောင်လေး ပြေတီဦးနဲ့ ညီမ အိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေ အမြဲတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ ပရိသတ်တွေအနေနဲ့ မိသားစုတွေတင်တဲ့ သတင်းကလွဲလို့ ဘယ်သတင်းမှမယုံကြဖို့ Followers များတဲ့ account တွေအနေနဲ့လည်း မိသားစုက အတည်မပြုဘဲ သတင်းများမတင်ကြဖို့ မေတ္တာရပ်ခံကြချင်ပါတယ်” လို့ အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူက ပြောထားပါတယ်။

အကြောင်းအရာအမှားများ ဖြန့်ဝေခြင်းဟာကာယကံရှင်မိသားစုကို ထိခိုက်နစ်နာစေပြီး အပြင်မှာကျန်ရှိနေတဲ့ သားသမီးများကို ငဲ့ညှာခြင်းအားဖြင့် ကူညီပေးကြဖို့ အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ ဒီဇိုင်နာအိကျော်ဇင်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာစစ်ကောင်စီက ခံဝန်ကတိလက်မှတ်ထိုးပါက ပြန်လည်လွှတ်ပေးမည်ဆိုသော်လည်း ငြင်းဆိုခဲ့ပြီး ထောင်ထဲမှာဆက်နေမည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြောင်း သတင်းများပျံ့နှံ့နေတာဖြစ်ပါတယ်။ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအား စစ်ကောင်စီမှ ဧပြီလ ၉ ရက်နေ့တွင် ၎င်းတို့နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အကျဉ်းထောင်ထဲရောက်ရှိနေခြင်းမှာ ၆လအတွင်းသို့ ရောက်ရှိလာပြီဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here