ခြေနှစ်ဖက်လုံး ဆုံးရှုံးခဲ့သော်လည်း ဘဝကို အရှုံးမပေးဘဲ မိဘနဲ့ ဇနီးသားတို့ ဘဝအဆင်ပြေစေရေး ရုန်းကန်လုပ်ကိုင် ကျွေးမွေးနေတဲ့ လေးစားဖွယ် အမျိုးသားတစ်ဦး

168

ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးလိုက်ရပေမဲ့လဲ၊မိသားစုကိုသွေးချွေးအပြည့်နဲ့ရှာဖွေ ကျွေးမွေးလျက်ရှိတဲ့ဖခင်တစ်ဦးရဲ့လေးစားဖွယ်လုပ်ရပ် တရုတ်နိုင်ငံ Peng’an မြို့မှာနေထိုင်တဲ့ လီဆိုသူအမျိုးသားဟာ၊ငယ်စဉ်က ပြင်းထန်ပိုလီယိုရောဂါကြောင့်ခြေထောက်နှစ်ဖက်လုံးကို ကြေကွဲစွာပဲ ဖြတ်ထုတ်ခံလိုက်ရပါတယ်။

ဒါပေမဲ့ လီဟာဘဝကို အရှုံးမပေးပဲ၊လက်ရှိဘဝပေးအခြေနေကို စိတ်ဓာတ်ခိုင်မှာစွာနဲ့ပဲ ဘဝခရီးလမ်းကို လျှောက်လှမ်းခဲ့ပါတယ်။ထိုအခြေနေနဲ့ပဲ Liဟာ အထက်တန်းပညာရေးကို ပြီးဆုံးအောင်တက်ခဲ့သလိုမိဘများရဲ့စပါးစိုက်ပျိုးရေးမှာလည်း ကိုယ်တိုင်ပါဝင် ဉီးဆောင်စိုက်ပျိုးကူခဲ့တဲ့အပြင် အိမ်အလုပ်မှန်သမျှအားလုံးကိုလည်း ကိုယ်တိုင်ပဲ လုပ်ကိုင်ကာ မိဘနှစ်ပါးကို တက်စွမ်းသမျှ ပြုစုကူညီခဲ့ပါတယ်။

ထိုနောက် လီဟာ သွားရလာရပိုအဆင်ပြေအောင်ဆိုပြီး ကိုယ်တိုင်လုပ် သစ်သားချိုင်းထောက်လေးကိုပြုလုပ်ပြီး သွားလာ လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ အသက်(26)နှစ်အရွယ်မှာတော့ အမျိုးသမီးတစ်ဦးနဲ့လက်ထပ်ခဲ့ပြီး၊

သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ သူဟာ ကိုယ်ပိုင်မိသားစုရှိလာပြီဖြစ်တဲ့အပြင် သားလေးတစ်ယောက်က် ထွန်းကားခဲ့ပြီဖြစ်တာကြောင့် မိသားစုဝမ်းရေးအတွက်ဖခင်ကောင်းတစ်ယောက် ပီသစွာ ခါတိုင်းထက်ပိုပြီး ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့(10)နှစ်တာ အသုံးပြုခဲ့တဲ့သစ်သားချိုင်းထောက်နဲ့ အဆင်မပြေတော့တာကြောင့် ပိုကြံ့ခိုင်ကာ အလုပ်ပိုတွင်စေတဲ့ စတီးချိုင်းထောက်ကို အသုံးပြုပြီးလေးလံတဲ့ ပစ္စည်းတွေကိုလည်း ကိုယ်တိုင်သယ်ပိုးသလို ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို ကိုယ်တိုင်ထွန်ယက် စိုက်ပျိုးလုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။ ခြေနှစ်ဖက် မရှိပေမယ့် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုပေးနေသလိုကိုယ့်ရဲ့မိသားစုကိုလည်း တကယ့်သွေးနဲ့ချွေးနဲ့လုပ်ကိုင်ကျွေးမွေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကို မြင်တွေ့ ကြားသိလိုက်ရတဲ့ သူတိုင်းဟာအင်မတန်ပဲ လေးစားဂုဏ်ယူမိကာ ချီးကျူးကြရတဲ့ အထိ သူ့ရဲ့ဂုဏ်သတင်းဟာ မွှေးပျံ့နေပါတော့တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here