လေးကေ့ကော်မြို့နယ်အတွင်း မိုင်းစမ်းသပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးသေဆုံး

140

စက်တင်ဘာ ၁၅၊၂၀၂၁ ကရင်ပြည်နယ်၊ မြဝတီမြို့အရှေ့တောင်ဘက်၊ လေးကေ့ကော်မြို့နယ်ထဲရှိ နေအိမ်တအိမ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တချို့ လက်လုပ်မိုင်း စမ်းသပ်နေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။

ပေါက်ကွဲမှုသည် စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း KNU မှ အဆင့်မြင့်အရာရှိတဦးက အတည်ပြုသည်။၎င်းက “ဖြစ်စဉ်က အခန်းထဲမှာ ဖြစ်တယ်။

လူနာတွေက ဒဏ်ရာပြင်းတော့ ကော့ကရိတ်မြို့နယ်ထဲက KNU ထိန်းချုပ်နယ်မြေထဲမှာ ရှိတဲ့ တောနော်ဆေးရုံမှာ ဆေးကုနေပါတယ်။ လူနာ ၂ယောက်ကတော့ ဘေးကင်းတယ် ကြားပါတယ်” ဟု ပြောသည်။သေဆုံးသွားသူ ၂ ဦးအား မီးသင်္ဂြိုဟ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသည့် လူနာများလည်း ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here