လေဆိပ်မှာ ရုတ်တရက်အဖမ်းခံရပြီး ယခုချိန်ထိပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတဲ့ အကယ်ဒမီ မျိုးသန္တာထွန်း

226

သရုပ်ဆောင် အကယ်ဒမီမျိုးသန္တာထွန်းကတော့ တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့တစ်သားတည်း ပါဝင်ပြီး လမ်းထွက်ကာလူထုလှုပ်ရှားမှု တွေမှာအားတက်သရော ပါဝင်ခဲ့ပါတယ်။သရုပ်ဆောင်အကယ် ဒမီ မျိုးသန္တာထွန်းက လေဆိပ်မှာ ရုတ်တရက်အဖမ်းခံရပြီး အခုချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူးနော်။

ပြီးခဲ့တဲ့ဧပြီလ ၁၉ရက်နေ့မှာ ဆိုရင်သရုပ်ဆောင် အကယ်ဒမီမျိုးသန္တာထွန်းကို ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီမှ ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်။ထိုကဲ့သို့ ဖမ်းဆီးခြင်းခံလိုက်ရ သော်လည်း မျိုးသန္တာထွန်းက ပုဒ်မ ၅၀၅ကဖြင့် အမှုဖွင့်ခံထားရတဲ့စာရင်းထဲမှာ ပါရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

မျိုးသန္တာထွန်းကို ဘာပုဒ်မမှ တပ်ပြီး ဖမ်းဝရမ်းထုတ်ထားတာမျိုး မရှိဘဲ လေဆိပ်ထဲမှာ ရှောင်တခင် ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ယခုအချိန်ထိ မျိုးသန္တာထွန်းနဲ့ ပတ်သက်တဲ့ သတင်းအခြေအနေဟာလည်း ထွက်ပေါ်လာခြင်း မရှိတဲ့အတွက် ပရိသတ်တွေက စိုးရိမ်ပူပန်နေကြတာကိုလည်း တွေ့မြင်ရပါတယ်နော်။

ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး မျိုးသန္တာထွန်း ဘေးကင်းရန်ကင်းနဲ့ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့ ဆုတောင်းစကားလေးတွေ ပြောကြားပေးခဲ့ကြပါအုံးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here