ရှေ့တန်းကလူနာတွေကို အရေးပေါ်ကယ်ဆယ်ပြုစုပေးနေကြတဲ့ လေးစားဖွယ်မိန်းမချောလေးများ

273

Code Red Medical Cover Team

ဒီညီမလေးတေအဖွဲ့က ရှေ့တန်းမှာ ထိတဲ့လူနာတွေကို အရေးပေါ်ကားတွေ အနီးဆုံးထိမတိုးနိုင်တဲ့ အခြေနေမျိုးမှာ လူနာသယ်ပုံမှားပြီး မဖြစ်သင့်တာ မဖြစ်ရအောင်

ရှေ့တန်း Hot Zone နဲ့ ကယ်ဆယ်ရေး နောက်တန်း ဆရာဝန်တွေရှိတဲ့ Cool Zoneကြား မှာ သွေးလွန်သွားတာမျိုးမဖြစ်ရအောင်အရေးပေါ်ကယ်ဆယ် ပြုစုပေးဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာပါ။🚨

ကယ်ဆယ်ရေးနဲ့အကျွမ်းတဝင်ရှိသလိုနည်းစနစ်တကျ လက်တွေ့ မြေပြင်မာတာဝန်ကျေပွန်နေတာကြောင့် ထိခိုက်သူအချို့ကိုအချိန်မှီကယ်တင်ထားနိုင်ခဲ့ပါတယ်။⛑

မိန်းကလေးတွေဆိုပေမဲ့ ကြောက်စိတ်ကိုဘေးဖယ်ပီး နိုင်ငံပေါ်တာဝန်ကျေချင်တဲ့စိတ်ကြောင့်Medical Cover Team အနေနဲ့ ဆက်ပြီးတက်နိုင်သမျှအစွမ်းကုန် ကူညီပေးသွားမာဖြစ်ကြောင်း ပြောကြားရင်းဂုဏ်ပြုတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျ🙏

ကျွန်တော့်အနေနဲ့လည်းကာကွယ်ရေးပစ္စည်းအပြည့်အစုံကိုအလှူရှင်များကိုယ်စားSupportingပေးထားပါတယ်ခင်ဗျ🙏

နိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်း၍ပရဟိတကြိုးပမ်းမှုများတွင်ပါဝင်လှူဒါန်းလိုပါက – 09797379989 (Wave/KBZpay)

LEAVE A REPLY

Please enter your comment!
Please enter your name here