ဆန္ဒပြပြည်သူများကို ဖမ်းစီးရန်စောင့်ဆိုင်းနေစဉ်သေနတ်ကျည်ထွက်ပြီး ရဲတစ်ဦး မိမိကိုယ်ကိုထိမှန်

286

နမ့်စမ်၊ မတ် ၉

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့မှာ ဒီနေ့ မတ်လ ၉ ရက် နံနက်အစောပိုင်းမှာ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးဖို့ စောင့်ဆိုင်းနေတဲ့ ရဲကားပေါ်မှာ သေနတ်ကျည်ထွက်ပြီး မိမိကိုယ်ကိုထိမှန်မှု ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

တပ်နယ်အရာရှိတစ်ဦးက ဆန္ဒပြပြည်သူတွေကိုအမေးအမြန်းမရှိ ဖမ်းဆီးသွားမယ်လို့ မနေ့ကဆန္ဒပြကျောင်းသားတစ်ဦးကို ခေါ်ပြောခဲ့ပါတယ်။

ယနေ့ နံနက်အစောပိုင်းတည်းက စစ်တပ်နှင့် ရဲကားတွေဟာ ဆန္ဒပြပြည်သူများ စုရပ်ဖြစ်တဲ့ မြို့တော်ခန်းမရှေ့မှာ နေရာယူထားကြတာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကို မြင်ခဲ့သူမြို့ခံတစ်ဦးက ”အစောကြီး ကတည်းက သူတို့ရောက်နေကြတာ၉ နာရီဝန်းကျင်လောက်မှာ သေနတ်သံတစ်ချက်ကြားလို့ ထွက်ကြည့်ကြတော့ ရှေ့ဆုံးကားပေါ်ကသေနတ်ကို ပြောင်းလွယ်လိုက်ရင်း ကျည်ထွက်သွားတာ”လို့ပြောပါတယ်။

ရှေ့ဆုံးကားက ရဲကားလို့လည်း ​သိရပြီး ”သူတို့ စစ်သားတွေပဲ ဝိုင်းအုံသွားပြီး အဲ့ကားတစ်စီးပဲ ချက်ချင်းမောင်းထွက်သွားတယ် မေးစှေ့ကို ထိသွားတယ်တော့ ပြောကြပါတယ် အနားထိဘယ်သူမှ သွားမကြည့်ရဲကြဘူး၊ ဘာဆက်ဖြစ်သွားတယ်တော့ ခုထိဘယ်သူမှ မသိကြရသေးဘူး” လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here