ရှောင်တိမ်းနေရတဲ့အတွက် ချစ်ရတဲ့အဖိုးဖြစ်သူကကွယ်လွန်သွားတာတောင်မှ အိမ်မပြန်နိုင်လို့ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ သားငယ်

80




Unicode

Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့အဆိုတော်သားငယ်ကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ အဆိုတော် သားငယ်ကတော့ အဖိုးဖြစ်သူ ကွယ်လွန်ဆုံးပါးသွားတဲ့ အတွက်စိတ်မကောင်းဝမ်းနည်းနေရပြီး အိမ်မပြန်နိုင်သေးတဲ့အကြောင်းတွေကို ပြောပြလာပါတယ်..။

အဖိုးဖြစ်သူ ကွယ်လွန်သွားတာတောင် လက်ရှိအခြေအနေတွေကြောင့် အိမ်မပြန်နိုင်လို့ ကြေကွဲဝမ်းနည်းရပြီးအဝေးကနေ ကန်တော့လိုက်ရတာတွေကိုလည်း သားငယ်က ပြောပြထားတာ ဖြစ်ပါတယ်..။ကျန်းမာရေးမကောင်းတဲ့ အဖိုးဖြစ်သူအတွက် အခုလို အချိန်ကာလမှာ မဆုံးဖို့ ဆုတောင်းပေးနေပေမယ့်ဆုတောင်းတွေ မပြည့်ခဲ့တဲ့ အကြောင်းတွေကိုလည်း စိတ်မကောင်းစွာ ပြောပြထားပါသေးတယ်..။

“ဖိုးဖိုးဆုံးပြီ ဒီကာလမှာ မဆုံးဖို့ဆုတောင်းတာ မပြည့်လိုက်ဘူး အိမ်ကိုလည်းမပြန်နိုင် အဝေးကကန်တော့လိုက်ပါတယ်၊ ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။အဖိုးကွယ်လွန်ဆုံးပါးသွားတဲ့အတွက် ဝမ်းနည်းနေတဲ့သားငယ်ကို ပရိသတ်တွေက အားပေးစကားတွေ ပြောထားသလို ကွယ်လွန်သူအတွက် ကောင်းရာသုဂတိလားစေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..

LEAVE A REPLY

Please enter your comment!
Please enter your name here