ကန်တော်လေးညသပိတ်မှာ သေနတ်နဲ့ သေချာချိန်ပစ်ခံရလို့ အသက် ၂၈ နှစ်အရွယ် လူငယ်တဦးသေဆုံး

305

သေဆုံးသူမှာ အသက် ၂၈ အရွယ် ကိုဆွာလေ့ဟ်(ခ) ဘေတားဖြစ်ပြီး ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ယနေ့ (မတ် ၁၇) နံနက် ၄ နာရီအချိန်တွင် သေဆုံးခဲ့ခြင်းသည်ဟု သိရသည်

ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးရပ်ကွက်တွင် ယမန်နေ့ (မတ် ၁၆) ညပိုင်းက ရပ်ကွက်နေ ပြည်သူများ၏ ညသပိတ်ကို စစ်ကောင်စီလက်နက်ကိုင်များ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသူမှာ အသက် ၂၈ အရွယ်ကိုဆွာလေ့ဟ်(ခ) ဘေတားဖြစ်ပြီး ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ယနေ့ (မတ် ၁၇) နံနက် ၄ နာရီအချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ ကိုဆွာလေ့ဟ်နှင့် တစ်လမ်းတည်းနေထိုင်သူ ကန်တော်လေးရပ်ကွက်သားတစ်ဦးက ပြောသည်။

ယမန်နေ့ည ၈ နာရီကျော်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထိပ်မှစတင်ကာ မျက်ရည်ယိုဗုံးများ၊ သေနတ်မျာဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ကာ အထက်ပါ ကန်တော်လေးရပ်ကွက်နေထိုင်သူက “Probox ကားပေါ်မှ လူနှစ်ယောက် အရင်ဆင်းလာပြီး သေချာချိန်ပစ် တာပါ” ဟု ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အစ္စလာမ်ဘာသာဝင် ကိုဆွာလေ့ဟ်၏ ရုပ်အလောင်းကို ယနေ့ နံနက် ၁၀ နာရီတွင် သင်္ဂြိုဟ်မည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here