ရေစကြိုမှာ ရွှေမျှောလုပ်ကိုင်မှုတွေကြောင့် မြစ်ကမ်းပါးပြိုမှာကိုဒေသခံတွေစိုးရိမ်နေ တရားမဝင်လုပ်ကိုင်မှုတွေရပ်ဖို့ဒေသကာကွယ်ရေးတပ်တွေ သတိပေးစာထုတ်

56

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသတွင်းက ပေါက်တောကြီးကျေးရွာမှာ ချင်းတွင်းမြစ်တလျှောက် တရားမဝင်ရွှေမျှောလုပ်ငန်းတွေလုပ်ကိုင်သူတွေရှိနေပြီးဒီလုပ်ငန်းတွေကြောင့် မြစ်ကမ်းပါးပြိုတာတွေဖြစ်မှာကို စိုးရိမ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီဒေသတွေဘက်မှာဆိုရင် တရားမဝင်ရွှေမျှောတူးမှုတွေဟာ အရင်ကရှိခဲ့ပေမယ့်လည်း ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လုပ်ဆောင်မှုတွေပိုများလာတာလို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ဒီတရားမဝင်ရွှေမျှောတူးဖော်မှုတွေဟာဆိုရင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာအဓိကနေရာဖြစ်တဲ့ ချင်းတွင်းမြစ်နဲ့ဧရာဝတီမြစ်ကိုဆက်နွယ်နေတဲ့ ချောင်းပေါက်ဆိုတဲ့နေရာမှာအများဆုံးလုပ်ကိုင်နေကြတာလို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီနေရာတွေမှာဆိုရင် တရားမဝင်ရွှေမျှောတူးဖော်သူတွေက အင်ဂျင်စက်အကြီး၊ အသေးစတာတွေနဲ့ရွှေမျှောတွေလာထုတ်ကြတဲ့အတွက် ရေကြောင်းပြောင်းလဲမှုတွေဖြစ်ပြီးမြစ်ကမ်းပါးတွေပြိုမှာကိုဒေသခံတွေကစိုးရိမ်နေကြတာပါ။ဒီလိုတရားမဝင်လုပ်ကိုင်သူတွေဟာ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေကို တစ်နေ့ရတဲ့ရွှေရဲ့ သုံးစုတစ်စုပေးပြီးလုပ်ဆောင်နေတယ်လို့လည်းဒေသခံတွေကပြောဆိုကြပြီးဒါတွေအတွက် ဘယ်နေရာကိုတိုင်တန်းရမယ်ဆိုတာမသိဘူးလို့လည်း ဒေသခံရွာသားတွေကပြောပါတယ်။အခုတရားမဝင်ရွှေတူးဖော်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ
ရေစကြိုမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနဘက်ကိုဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။တဖက်မှာလည်း ရေစကြိုမြို့နယ်အတွင်းက ရေလယ်ကျွန်းဒေသမှာ အခုလိုတရားမဝင်ရွှေတူးဖော်မှုတွေနဲ့မြစ်ကမ်းပါးပြိုနိုင်တဲ့အခြေအနေတွေကြောင့် တရားမဝင်လုပ်ဆောင်နေသူတွေကိုအမြန်ဆုံးပိတ်သိမ်းကြဖို့အတွက် ဒေသကာကွယ်ရေးတပ်တွေက ရေစကြိုဒေသတွင်းသတင်းတွေကတဆင့်သတိပေးစာထုတ်ပြန်လာတာကိုတွေ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here