မွေးနေ့အလှူအဖြစ် သံဃာတော်တွေကို ဆန်၊ဆီနဲ့ကြက်ဥတွေလှူဒါန်းခဲ့တဲ့ နန်းဆုဦး

81

ပရိသတ်ကြီးရေ နန်းဆုဦးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော်သရုပ်ဆောင်မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဒီနေ့ အောက်တိုဘာလ(၅)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော်နန်းဆုဦးရဲ့ မွေးနေ့ရက်မြတ်နေ့ရက်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့မွေးနေ့ရက်လေးမှာတော့ နန်းဆုဦးက မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ သံဃာတော်အရှင်သူမြတ်တွေကို ဆွမ်းဆန်တော်၊ ဆီနှင့်ကြက်ဥတွေကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ မွေးနေ့အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကိုလည်း နန်းဆုဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါသေးတယ်။

အလှူလေးနဲ့ အတူ “လူတိုင်းလူတိုင်း ကောင်းသောကံ ဖြူသောကံများကို ပိုင်ဆိုင်နိုင်ကြပါစေ” လို့လည်း နန်းဆုဦးကတောင်းဆုပြုထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ နန်းဆုဦးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here