အေမရိကန္ရဲ့ ေလထဲမွာ ရက္ေပါင္း ၉၀ ဆက္တိုက္ပ်ံႏိုင္တဲ့ ေရတပ္ေလယာဥ္ေၾကာင့္ သာေကာႀကီး မ်က္ခုံးလႈပ္ေန

282

ေလယာဥ္ေတာင္ပံေတြမွာ ဆိုလာျပားေတြတပ္ဆင္ၿပီး ရက္ေပါင္း ၉၀ ၾကာ ေလထဲမွာ ဆက္တိုက္ပ်ံသန္းႏိုင္မယ့္ ေနေရာင္ျခည္စြမ္းအင္သုံး ေမာင္းသူမဲ့ ေလယာဥ္စနစ္တစ္မ်ိဳးကို အေမရိကန္ေရတပ္က တီထြင္ေနပါတယ္။

အဆိုပါေလယာဥ္ကို Skydweller လို႔အမည္ေပးထားၿပီး အေမရိကန္-စပိန္ ဖက္စပ္ကုမၸဏီတစ္ခုျဖစ္တဲ့ Skydweller Aero ကေန တည္ေဆာက္ေနျခင္း လည္းျဖစ္ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ပင္လယ္ျပင္ကိုေစာင့္ၾကည့္ဖို႔၊ သေဘၤာေတြကို လအတန္ၾကာ ေစာင့္ေရွာက္ဖို႔နဲ႔ ဆက္သြယ္မႈစနစ္အတြက္ ၾကားခံအျဖစ္ အသုံးျပဳလိုတာေၾကာင့္လို႔ဆိုပါတယ္။

ဒီလိုေလယာဥ္ထုတ္လုပ္ဖို႔အတြက္ အေမရိကန္နဲ႔ အေမရိကန္ေဒၚလာ ၅ သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္ကို ခ်ဳပ္ဆို ထားတာပါ။ ဆိုလာစြမ္းအင္သုံးေလယာဥ္ကို ေဆာ့ဖ္ဝဲလ္အသစ္နဲ႔ ဟက္ဒ္ဝဲလ္အသစ္ေတြ ေပါင္းစပ္ၿပီး ၂၀၁၅-၁၆ ခုႏွစ္ခန႔္တုန္းက လူနဲ႔အတူကမာၻတပတ္လိုက္ပါ ပ်ံသန္းခဲ့ၾကပါတယ္။

Solar Impulse 2 လို႔အမည္ေပးထားၿပီး ပ်ံသန္းမႈကိုေတာ့ ၅ ရက္တစ္ႀကိမ္အနားေပးရပါတယ္။ ယခုစနစ္မွာေတာ့ ေလယာဥ္မႉးခုံေနရာေတြဖယ္ရွားထားၿပီး ဆိုလာစနစ္ေတြ အျပည့္တပ္ဆင္ထားတာေၾကာင့္ တာေဝးနဲ႔အခ်ိန္ပိုမိုၾကာၾကာ ပ်ံသန္းႏိုင္ပါတယ္။

ေတာင္ပံအလ်ား ၂၃၆ ေပ၊ ဆိုလာျပားဖုံးအုပ္ဧရိယာ စတုရန္းေပ ၂၉၀၀ ရွိၿပီး ၂ ကီလိုဝပ္ရွိတဲ့ စြမ္းအင္ကိုထုတ္ေပးႏိုင္ပါတယ္။ အျမင့္ဆုံးျမန္ႏႈန္း ၁၀၀ ေနာ့ခ္နဲ႔ အျမင့္ဆုံးအျမင့္ေပ ၄၅၉၃၁ ေပအထိ ပ်ံတက္ႏိုင္ၿပီး အေလးခ်ိန္ ၃၆၀ ကီလိုဂရမ္ကိုသယ္ေဆာင္ႏိုင္တယ္လို႔လည္းသိရွိရပါတယ္။

Unicode

လေယာဉ်တောင်ပံတွေမှာ ဆိုလာပြားတွေတပ်ဆင်ပြီး ရက်ပေါင်း ၉၀ ကြာ လေထဲမှာ ဆက်တိုက်ပျံသန်းနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်စနစ်တစ်မျိုးကို အမေရိကန်ရေတပ်က တီထွင်နေပါတယ်။

အဆိုပါလေယာဉ်ကို Skydweller လို့အမည်ပေးထားပြီး အမေရိကန်-စပိန် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Skydweller Aero ကနေ တည်ဆောက်နေခြင်း လည်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ပင်လယ်ပြင်ကိုစောင့်ကြည့်ဖို့၊ သင်္ဘောတွေကို လအတန်ကြာ စောင့်ရှောက်ဖို့နဲ့ ဆက်သွယ်မှုစနစ်အတွက် ကြားခံအဖြစ် အသုံးပြုလိုတာကြောင့်လို့ဆိုပါတယ်။

ဒီလိုလေယာဉ်ထုတ်လုပ်ဖို့အတွက် အမေရိကန်နဲ့ အမေရိကန်ဒေါ်လာ ၅ သန်း တန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆို ထားတာပါ။ ဆိုလာစွမ်းအင်သုံးလေယာဉ်ကို ဆော့ဖ်ဝဲလ်အသစ်နဲ့ ဟက်ဒ်ဝဲလ်အသစ်တွေ ပေါင်းစပ်ပြီး ၂၀၁၅-၁၆ ခုနှစ်ခန့်တုန်းက လူနဲ့အတူကမ္ဘာတပတ်လိုက်ပါ ပျံသန်းခဲ့ကြပါတယ်။

Solar Impulse 2 လို့အမည်ပေးထားပြီး ပျံသန်းမှုကိုတော့ ၅ ရက်တစ်ကြိမ်အနားပေးရပါတယ်။ ယခုစနစ်မှာတော့ လေယာဉ်မှူးခုံနေရာတွေဖယ်ရှားထားပြီး ဆိုလာစနစ်တွေ အပြည့်တပ်ဆင်ထားတာကြောင့် တာဝေးနဲ့အချိန်ပိုမိုကြာကြာ ပျံသန်းနိုင်ပါတယ်။ တောင်ပံအလျား ၂၃၆ ပေ၊ ဆိုလာပြားဖုံးအုပ်ဧရိယာ စတုရန်းပေ ၂၉၀၀ ရှိပြီး ၂ ကီလိုဝပ်ရှိတဲ့ စွမ်းအင်ကိုထုတ်ပေးနိုင်ပါတယ်။ အမြင့်ဆုံးမြန်နှုန်း ၁၀၀ နော့ခ်နဲ့ အမြင့်ဆုံးအမြင့်ပေ ၄၅၉၃၁ ပေအထိ ပျံတက်နိုင်ပြီး အလေးချိန် ၃၆၀ ကီလိုဂရမ်ကိုသယ်ဆောင်နိုင်တယ်လို့လည်းသိရှိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here